- Setting ကိုဝင်ပါ။
- Mobile Network (သို့) More > Mobile Network ကိုဝင်ပါ။
- Access Point Name ကိုဝင်ပါ။
- ဖုန်း၏ Menu ခလုတ်ကိုနှိပ်၍ New APN ကိုရွေးပါ။
- APN Setting ပေါ်လာပါက -
Monday, December 14, 2015
Ooredoo အင်တာနက် Setting ချိန်နည်း
HTC
ဖုန်းများတွင် ပါဝင်သော BoomSound စနစ်သည် ဖုန်းကိုပုံမှန်အတိုင်း
အသုံးပြုမည်ဆိုပါက အဖွင့်အပိတ်ပြုလုပ်၍မရနိုင်ပါ။ ဖုန်း၏
အသံပိုင်းဆိုင်ရာအတွက် BoomSound စနစ်က
သူ့အလိုအလျောက်အလုပ်အလုပ်ပေးသည့်အတွက် ပုံမှန်အသုံးပြုနေစဉ်အတွင်း
အရောင်မှိန်နေပြီး အဖွင့် အပိတ်ပြုလုပ်၍မရနိုင်ခြင်း ဖြစ်ပါသည်။ BoomSound
စနစ်အား အဖွင့်အပိတ်ပြုလုပ်လိုပါက စပီကာတစ်ခုခုဖြင့်သော်လည်းကောင်း၊
နားကြပ်ဖြင့်သော်လည်းကောင်း ဖုန်းဖြင့်ချိတ်ဆက်ကာ အဖွင့်အပိတ်
ပြုလုပ်နိုင်ပါသည်။ ချိတ်ဆက်ထားသည့် စပီကာ၊
နားကြပ်တို့ကိုဖြုတ်လိုက်သည်နှင့် တပြိုင်နက်
၎င်းစနစ်ဟာနဂိုမူလအတိုင်းအရောင်မှိန်သွားပြီး ဖုန်း၏ အသံပိုင်းဆိုင်ရာ
စနစ်များကို အလိုအလျောက်ထိန်းချုပ်ပေးသော အနေအထားသို့
ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။
Ctd to Ko Thet (IT.J)
iDevice ကိုဆောင်ထားသူများအတွက် စာရိုက်ရာတွင် လျင်မြန်လွယ်ကူစေမည့်
နည်းလမ်းကောင်းလေးတစ်ခုပါ။ သိပြီးတဲ့သူများလည်းရှိသလို မသိသေးသူများအတွက်
စာရိုက်ရာတွင် များစွာအသုံးဝင်စေမှာပါ။ မည့်သည့်အကြောင်းဖြင့်ဖြစ်စေ
စာရိုက်ရာတွင် မိမိတို့စိတ်တိုင်းကျ စာတို(Shortcut) များသတ်မှတ်၍
စာရိုက်နိုင်ပါတယ်။ ဥပမာ။ ။ How are you? ဆိုသော စာစုအား
၎င်းအတိုင်းရိုက်လျှင် စာလုံးအရေအတွက် (၉) လုံးရိုက်ရမယ်ဆိုပေမယ့် Shortcut
သက်မှတ်ထားပေးပါက မိမိတို့သက်မှတ်ထားသလောက်သာရိုက်ခြင်းဖြင့်
၎င်းကောင်းစာစုအား ပြန်လည်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Shortcut သက်မှတ်နည်းနဲ့ အသုံးပြုနည်းကို အောက်မှာပုံများနဲ့တကွ ပြပေးထားပါတယ်။
ပထမဦးစွာ ပုံတွင်ပြထားသည့်အတိုင်း Setting ထဲသို့ ဝင်ပါ။ Setting ထဲမှ General >
General ထဲမှ Keyboard >
Keyboard Setting အတွင်း အောက်ဆုံးနားတွင် Add New Shortcut ကိုဝင်ပါ။
Shortcut Setting အတွင်း ပုံမှာပြထားသည့်အတိုင်း Phrase နှင့် Shortcut ဆိုပြီး နှစ်မျိုးတွေ့ရမှာပါ။
Phrase
နေရာတွင် မိမိတို့ အသုံးပြုလိုသည့် စာလုံး၊ စကားစုကိုရေးပါ။ အောက်က
Shortcut နေရာတွင် အတိုကောက်ရိုက်မည့် စာလုံးကိုရေးပါ။ ပြီးရင် Save
လုပ်ပါ။
ထိုအဆင့်များပြုလုပ်ပြီးပါက
Keyboard Setting ထဲတွင် မိမိတို့သတ်မှတ်ပေးထားသော စာလုံး၊ စကားစုများကို
Shortcut စာလုံးများနှင့်အတူတွေ့မြင်ရမှာဖြစ်ပါတယ်။
မိမိတို့သတ်မှတ်ပေးထားသော
Shortcut များကို စမ်းသပ်၍သုံးကြည့်သည့်သဘောဖြင့် စာရိုက်ရန် message Box
သို့သွားပါမယ်။ မိမိတို့ သတ်မှတ်ပေးထားခဲ့သော Shortcut ကို
စာရိုက်သည့်အကွက်တွင် ရိုက်ကြည့်ပါ။ ထို Shortcut နှင့် သတ်ဆိုင်သော
စကားစုကို အပေါ်တွင်ပြပေးမှာပါ။ ထိုစကားစုပေါ်တွင်
ရွေးချယ်ပေးလိုက်ခြင်းအားဖြင့် စာရိုက်ရာတွင် အချိန်တိုအတွင်း
လျင်မြန်စွာရေးသားနိုင်စွာဖြစ်ပါတယ်။
ထိုသတ်မှတ်ထားသော
Shortcut များကို ဖျက်ခြင်း၊ ပြုပြင်ခြင်း၊ ထပ်ပေါင်းခြင်းများ
ပြုလုပ်လိုပါက ညာအပေါ်ထောင့်နားရှိ Edit ကိုရွေးချယ်ပေးပါ။
ပုံတွင်ပေါ်လာသည့်အတိုင်း
မိမိတို့ပြုပြင်လိုသော Shortcut တစ်ခုချင်းစီကိုရွေးချယ်၍
မိမိတို့စိတ်ကြိုက်ပြန်လည် သတ်မှတ်နိုင်ပါတယ်။ ဖျက်လိုပါက ဘေးနားရှိ
အနုတ်လက္ခဏာနှင့်အနီဝိုင်းကိုရွေးချယ်၍ ဖျက်နိုင်ပါတယ်။
English ဘာသာမက မြန်မာဘာသာကိုလည်း ၄င်းကဲ့သို့ Shortcut Key များအသုံးပြု၍ ရေးသားနိုင်ပါတယ်။
အားလုံးပဲ အသိပညာဗဟုသုတများ တိုးပွားနိုင်ကြပါစေ။
Ctd > Ko Thet (IT Journal)
Wednesday, November 20, 2013
Gapps Installer For Android V4.1.2
ခုနောက်ပိုင်းထွက်တဲ့ Huawei brand တော်တော်များများမှာ google application တွေအသုံးပြုလို့မရတဲ့ အခက်အခဲတွေရှိပါတယ်။ အဲဒီအခက်အခဲတွေ အဆင်ပြေစေဖို့ ဒီ application လေးက ကူညီပေးပါလိမ့်မယ်။ Version 4.1.2 အတွက်နော်။ အသုံးပြုပုံကတော့ ရှင်းရှင်းလေးပါ။ ဒေါင်းလို့ ရလာတဲ့ Apk လေးကို ဖုန်းထဲမှာ Install လုပ်လိုက်ပါ။ မိမိဖုန်းက android version 4.1.2 ဆိုတာသေချတယ်ဆိုရင် Install Now ဆိုတာလေးကို နှိပ်လိုက်ရင် လိုအပ်တာတွေကို install လုပ်ပေးသွားပါလိမ့်မယ်။
Credit > MMSD
Viber 4.0.0.1707 Apk For Android
Voice message ပို့လို့ရတဲ့ viber apk လေးပါ။ Sticker ပုံလှလှလေးတွေဒေါင်းချင်ရင်လည်း တော်တော်လေးစုံပါတယ်။ အသုံးပြုချင်သူတွေအတွက်....
Download Here > Viber 4.0.0.1707 For Android
Easy Touch ကိုအသည်းပုံလေးနဲ့ သုံးမယ်
အသည်းပုံ Easy Touch ရယူရန်
ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ အပိုင်း (၁)လိုချင်ရင် ဒီမှာယူပါ
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူကြီး၊ လူငယ်တွေ လေ့လာသင့်တဲ့ စာအုပ်လေးတွေပါ။
ကျွန်တော့်ဆီမှာတော့ အရင်ကတည်းက စုထားတဲ့စာအုပ်လေးတွေဖြစ်လို့ လိုချင်သူများရှိရင်လည်း ပြန်လည်ရယူနိုင်အောင်လို့ တင်ပေးလိုက်တာပါ။ PDF ဖိုင်တွေပါ။
ကျွန်တော့်ဆီမှာတော့ အရင်ကတည်းက စုထားတဲ့စာအုပ်လေးတွေဖြစ်လို့ လိုချင်သူများရှိရင်လည်း ပြန်လည်ရယူနိုင်အောင်လို့ တင်ပေးလိုက်တာပါ။ PDF ဖိုင်တွေပါ။
ပိဋကတ် (၃) ပုံမြန်မာပြန် အတွဲ(၁)
ပိဋကတ် (၃) ပုံမြန်မာပြန် အတွဲ (၁) PDF စာအုပ်လေးကို လေ့လာချင်သူတွေ လေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်။ လိုချင်သူများ အောက်မှာဒေါင်းလိုက်ပါ။
ဒေါင်းလို့ရလာတဲ့ zip file လေးကို ကွန်ပျူတာမှာ Extract Here လုပ်ပါ။
ပိဋကတ် (၃) ပုံ မြန်မာပြန် အတွဲ (၁) ဒေါင်းရန်
password > lucky7mobile.mdy
ဒေါင်းလို့ရလာတဲ့ zip file လေးကို ကွန်ပျူတာမှာ Extract Here လုပ်ပါ။
ပိဋကတ် (၃) ပုံ မြန်မာပြန် အတွဲ (၁) ဒေါင်းရန်
password > lucky7mobile.mdy
Candy Crush Saga v1.18.0 ကို စိတ်ကြိုက်ကစား ဟက်ပြီးသား
Friday, November 15, 2013
iOS Update 7.0.4 ထွက်ရှိပါပြီ
i device ကိုင်ဆောင်ထားတဲ့ ကျွန်တော့်သူငယ်ချင်းတွေ မသိလိုက်မရှိရအောင် iOS update ထွက်လာပြီဆိုတာလေး သတင်းပေးလိုက်ပါတယ်။ (15.11.2013) နေ့က ထွက်တာပါ။
ယခုထွက်ရှိလာတဲ့ Update Version iOS 7.0.4 မှာ ထူးထူးခြားခြားပြောင်းလဲခြင်းမျိုးမရှိသေးပါဘူး။ ၄င်းရဲ့ OS ပိုမိုကောင်းမွန်စေဖို့ Bug
တွေကို ပြုပြင်ခြင်း၊ FaceTime Call
fail ဖြစ်ခြင်း စတဲ့ error တွေကို
ပိုမိုပြည့်စုံအောင် ထပ်မံလုပ်ဆောင်ထားခြင်းပဲ
ဖြစ်ပါတယ်..
Ref : moethagyar.info
Subscribe to:
Posts (Atom)