Showing posts with label Phone Recovery ၀င်နည်း. Show all posts
Showing posts with label Phone Recovery ၀င်နည်း. Show all posts
Tuesday, February 23, 2016
Y320-C00 firmware installation , stock recovery backup,install & Troubleshoot
Huawei Y321-C00 ကို Firmware တင်ဖို့အတွက် Recovery mode ကို ၀င်ရပါမယ်၊။
Recovery ၀င်နည်းကို ဒီမှာ ကြည့်ပါ။
ပြီးတော့ Y320-C00 firmware ဖိုင်ကိုဒေါင်းလို့ရလာတဲ့ zip ကိုဖြည်လိုက်ရင် အထဲမှာ sdcard_update.zip ဆိုပြီးပါလာပါတယ်။ သူ့ကို ဘာမှ မပြင်ပါဘူး။
ကျွန်တော့်တို့ sdcard ထဲမှာသာ အရင်တုန်းက dload ဆောက်တာ အခု dload မဟုတ်တော့ပဲ image ဖိုင်ဆောက်ရပါတယ်။ အဲ့ image ဖိုင်ထဲမှာမှ
sdcard_update.zip ဆိုပြီးတော့ copy ယူပါတယ် firmware ကို။ ပြီးရင် sdcard ကို ဖုန်းထဲထည့်ပြီး ဒုတိယမြောက်အကြောင်း-
apply update from external storeage
/image/sdcard_update.zip ဆိုပြီးတင်ပါတယ်။
အောက်မှာ ဘားတန်းလေးပြေးပြီး firmware တင်လို့ပြီးသွားရင် reboot system now ကိုရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ Y320-C00 firmware တင်ခြင်းပြီးပါပြီး။
Recovery ပျက်နေတဲ့အလုံးကိုကျတော့ဘယ်လိုတင်မလဲ?
အွန်လိုင်းမှာ stock recovery နဲ့ custom recovery တွေရှာလို့မလွယ်တဲ့အခါ
အကောင်းအလုံးထဲက backup ထုတ်ယူတဲ့နည်းနဲ့ လုပ်ပါမယ်။ သူ့ recovery partation က block08 ပါ
အကောင်းအလုံးကို usb ကြိုးထိုးပြီးတော့ backup လုပ်ပါတယ်။ backup လုပ်ဖို့ root လုပ်ထားဖို့ လိုပါတယ် ။
ရိုက်ရမယ့် Command လေးက
adb shell su -c “cat /dev/block/mmcblk0p8 > /sdcard/mmcblk0p8.img” ပါ။
ဒါဆိုရင် ကျွန်တော်တို့ sdcard ထဲကို mmcblk0p8 ဆိုတဲ့နာမည်နဲ့ img ဖိုင်လေးတစ်ခုရောက်လာပါပြီ။
အဲ့ .img ဖိုင်လေးရပါပြီဆိုရင် recovery မကောင်းတဲ့ဖုန်းထဲကို Fastboot Mode ကနေ flash ရပါမယ်။
power + vol down နှိပ်၊ အပေါ်ဆုံးက Fast Boot Mode ဆိုတဲ့စာကြောင်းကို ရွေးပါ။
ပြီးရင် vol up ကိုဖိထားမယ် IN FAST BOOT MODE
ဆိုပြီး ပန်းရောင် screen မှာငြိမ်နေရင် ကြိုးထိုးလိုက်ပါ။ အဲ့တာ fastboot mode ပါ။
ပြီးရင်တော့ ခုနက recovery.img လေးကို fastboot folder ထဲထည့်ပီး rename ပေးပါ recovery.img ဆိုပြီး။
ပြီးရင် fastboot flash recovery recovery.img ဆိုပြီးရိုက်လိုက်ပါ။
ပြီးရင်တော့ Recovery mode ကနေ Firmware ပြန်တင်လို့ ရပါပြီ
အဲ့လိုမျိုး recovery backup & restore က အလုံးတိုင်းမရပါဘူး။ ဖုန်းတစ်လုံးနဲ့တစ်လုံး သုံးထားတဲ့ CPU ပေါ်မူတည်ပီး block တွေကွာပါတယ်။
Credit to MMAS
Subscribe to:
Posts (Atom)