Showing posts with label iOS မှတ်စုများ. Show all posts
Showing posts with label iOS မှတ်စုများ. Show all posts

Monday, December 14, 2015

         iDevice ကိုဆောင်ထားသူများအတွက် စာရိုက်ရာတွင် လျင်မြန်လွယ်ကူစေမည့် နည်းလမ်းကောင်းလေးတစ်ခုပါ။ သိပြီးတဲ့သူများလည်းရှိသလို မသိသေးသူများအတွက် စာရိုက်ရာတွင် များစွာအသုံးဝင်စေမှာပါ။ မည့်သည့်အကြောင်းဖြင့်ဖြစ်စေ စာရိုက်ရာတွင် မိမိတို့စိတ်တိုင်းကျ စာတို(Shortcut) များသတ်မှတ်၍ စာရိုက်နိုင်ပါတယ်။ ဥပမာ။   ။ How are you? ဆိုသော စာစုအား ၄င်းအတိုင်းရိုက်လျှင် စာလုံးအရေအတွက် (၉) လုံးရိုက်ရမယ်ဆိုပေမယ့် Shortcut သက်မှတ်ထားပေးပါက မိမိတို့သက်မှတ်ထားသလောက်သာရိုက်ခြင်းဖြင့် ၄င်းကောင်းစာစုအား ပြန်လည်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Shortcut သက်မှတ်နည်းနဲ့ အသုံးပြုနည်းကို အောက်မှာပုံများနဲ့တကွ ပြပေးထားပါတယ်။


ပထမဦးစွာ ပုံတွင်ပြထားသည့်အတိုင်း Setting ထဲသို့ ဝင်ပါ။ Setting ထဲမှ General >



General ထဲမှ Keyboard >



 Keyboard Setting အတွင်း အောက်ဆုံးနားတွင် Add New Shortcut ကိုဝင်ပါ။


Shortcut Setting အတွင်း ပုံမှာပြထားသည့်အတိုင်း Phrase နှင့် Shortcut ဆိုပြီး နှစ်မျိုးတွေ့ရမှာပါ။
Phrase နေရာတွင် မိမိတို့ အသုံးပြုလိုသည့် စာလုံး၊ စကားစုကိုရေးပါ။ အောက်က Shortcut နေရာတွင် အတိုကောက်ရိုက်မည့် စာလုံးကိုရေးပါ။ ပြီးရင် Save လုပ်ပါ။



 ထိုအဆင့်များပြုလုပ်ပြီးပါက Keyboard Setting ထဲတွင် မိမိတို့သတ်မှတ်ပေးထားသော စာလုံး၊ စကားစုများကို Shortcut စာလုံးများနှင့်အတူတွေ့မြင်ရမှာဖြစ်ပါတယ်။


မိမိတို့သတ်မှတ်ပေးထားသော Shortcut များကို စမ်းသပ်၍သုံးကြည့်သည့်သဘောဖြင့် စာရိုက်ရန် message Box သို့သွားပါမယ်။ မိမိတို့ သတ်မှတ်ပေးထားခဲ့သော Shortcut ကို စာရိုက်သည့်အကွက်တွင် ရိုက်ကြည့်ပါ။ ထို Shortcut နှင့် သတ်ဆိုင်သော စကားစုကို အပေါ်တွင်ပြပေးမှာပါ။ ထိုစကားစုပေါ်တွင် ရွေးချယ်ပေးလိုက်ခြင်းအားဖြင့် စာရိုက်ရာတွင် အချိန်တိုအတွင်း လျင်မြန်စွာရေးသားနိုင်စွာဖြစ်ပါတယ်။


 ထိုသတ်မှတ်ထားသော Shortcut များကို ဖျက်ခြင်း၊ ပြုပြင်ခြင်း၊ ထပ်ပေါင်းခြင်းများ ပြုလုပ်လိုပါက ညာအပေါ်ထောင့်နားရှိ Edit ကိုရွေးချယ်ပေးပါ။


ပုံတွင်ပေါ်လာသည့်အတိုင်း မိမိတို့ပြုပြင်လိုသော Shortcut တစ်ခုချင်းစီကိုရွေးချယ်၍ မိမိတို့စိတ်ကြိုက်ပြန်လည် သတ်မှတ်နိုင်ပါတယ်။ ဖျက်လိုပါက ဘေးနားရှိ အနုတ်လက္ခဏာနှင့်အနီဝိုင်းကိုရွေးချယ်၍ ဖျက်နိုင်ပါတယ်။

 English ဘာသာမက မြန်မာဘာသာကိုလည်း ၄င်းကဲ့သို့ Shortcut Key များအသုံးပြု၍ ရေးသားနိုင်ပါတယ်။

အားလုံးပဲ အသိပညာဗဟုသုတများ တိုးပွားနိုင်ကြပါစေ။

Ctd > Ko Thet (IT Journal)


Friday, November 15, 2013

iOS Update 7.0.4 ထွက်ရှိပါပြီ

            i device ကိုင်ဆောင်ထားတဲ့ ကျွန်တော့်သူငယ်ချင်းတွေ မသိလိုက်မရှိရအောင် iOS update ထွက်လာပြီဆိုတာလေး သတင်းပေးလိုက်ပါတယ်။ (15.11.2013) နေ့က ထွက်တာပါ။
            ယခုထွက်ရှိလာတဲ့ Update Version iOS 7.0.4 မှာ ထူးထူးခြားခြားပြောင်းလဲခြင်းမျိုးမရှိသေးပါဘူး။ ၄င်းရဲ့ OS ပိုမိုကောင်းမွန်စေဖို့ Bug တွေကို ပြုပြင်ခြင်း၊ FaceTime Call fail ဖြစ်ခြင်း စတဲ့ error တွေကို
ပိုမိုပြည့်စုံအောင် ထပ်မံလုပ်ဆောင်ထားခြင်းပဲ ဖြစ်ပါတယ်.. 

Tuesday, November 5, 2013

IOS မှာ ဗိုင်းရပ်မကိုက်ဘူးလား ဆိုတဲ့ ဘော်ဘော် တွေအတွက်

IOS မှာဗိုင်းရပ်မကိုက်ဘူးလား ကိုက်လားဆိုတာတော့မသိပါဘူးAntivirus
တော့တွေ့ပါတယ် လိုချင်သူတွေဒေါင်းကြနော်

http://www.mediafire.com/download/j3g5a25m2acfcb8/virusbarrierspring_v1.3.ipa


 http://www.mediafire.com/?j3g5a25m2acfcb8

Saturday, November 2, 2013

Semi Restore ဆိုတာဘာကိုခေါ်သလဲ ?

Semi Restore (Mediafire Download Link)
 

Window=> http://v.gd/jacORV
OS X => http://v.gd/PA8u3E

==============================
Semi Restore ဆိုတာဘာလဲ ??? 
http://www.myanmarmobileapp.com/2013/06/04/semi-restore-ဆိုတာဘာလဲ/

Jailbreak Features အဖြစ်မှ iOS 7 ရဲ့ Features အဖြစ်သို့ရောက်ရှိလာခဲ့သော Features များ




**Live Clock**
-------------------------
Live Clock ဆိုသည်မှာ နာရီ icon ပေါ်တွင် တကယ့်အချိန်အတိုင်းပြသပေးခြင်းဖြစ်သည်။ ယခင်က Jailbreak Tweak အဖြစ်ရှိခဲ့သော Features ဖြစ်ပြီး ယခုအခါ iOS 7 ၏ နာရီ icon တွင်လည်း Live Time ပြသည့် icon အဖြစ်ထည့်သွင်းလာခဲ့ခြင်းဖြစ်သည်။

**The App Switcher**
-----------------------------
Dash ဆိုသည့် Jailbreak tweak မှာ iOS 6 တွင် run ထားသော application တစ်ခုမှတစ်ခုသို့ Preview Screen ဖြင့် အလွယ်တကူပြောင်းသော Features ဖြစ်သည် ။ ယင်း Jailbreak tweak နှင့်ဆင်တူသော App Switcher ဟူသော အမည်ဖြင့် iOS 7 တွင် run ထားသော app များကို preview screen ဖြင့် တစ်ခုမှတစ်ခုသို့ပြောင်းသုံးနိုင်သော Features Built-in ပါဝင်လာခဲ့သည်။

**Control Center**
-------------------------------
Jailbreak Tweak များတွင် SB Setting သည် နာမည်ကြီး tweak တစ်ခုဖြစ်ပြီး iOS notification bar တွင် Android Notification bar ကဲ့သို့ Wifi ခလုတ် ၊ Bluetooth ခလုတ် ၊ Brightness ခလုတ်များ အလွယ်တကူထည့်သွင်းထားခြင်းဖြစ်သည်။ ယင်း Features နှင့်ပုံစံတူအနေဖြင့် Control Center ဟူသော Features သည် iOS 7 တွင် Built-in Features တစ်ခုအနေဖြင့်ပါဝင်လာခဲ့သည်

** Folder **
----------------------------
iOS Jailbreak Tweak များတွင် Folder Enhancer နှင့် Infini Folder တို့သည်လည်း နာမည်ကြီး tweak များဖြစ်သည်။ ယင်း Tweaks များသည် app များကို Folder တစ်ခုထဲတွင်စုပြုံထည့်ထားနိုင်ပြီး ၊ Folder ထဲတွင် Folder များထပ်ထည့်နိုင်သည် ။ Folder ထဲတွင်ပင်စာမျက်နှာများအကန့်အသတ်မရှိသတ်မှတ်နိုင်သည် ။ ယင်း Features နှင့်ခပ်ဆင်ဆင်ပုံစံတူ အနေဖြင့် Folder ဟူသော Features သည် iOS 7 တွင် Built-in Features တစ်ခုအနေဖြင့်ပါဝင်လာခဲ့သည်

**Dynamic Wallpaper**
-------------------------------
iOS 6 တွင်အသုံးပြုနိုင်သော Jailbreak Tweak များထဲတွင် Live Paper သည်လည်းနာမည်ကြီး Tweak တစ်ခုဖြစ်သည် ။ Live Paper သည် Android တွင် Live Wallpaper ထည့်သွင်း၍ရသကဲ့သို့ iOS တွင်လည်း ထည့်သွင်း၍ရစေရန် လုပ်ဆောင်ပေးနိုင်သည်။ ယင်း Live Paper Features နှင့်ပုံစံတူ "Dynami Wallpaper" ဟူသော အမည်ဖြင့် Features သည် iOS 7 တွင် Built-in features အနေဖြင့်ပါဝင်လာခဲ့သည်။

**Tabs**
--------------------
iOS 6 တွင် အသုံးပြုနိုင်သော Jailbreak Tweaks များထဲတွင် Tab + ဟူသော tweak သည်လည်း နာမည်ကြီး tweaks တစ်ခုဖြစ်သည် ။ ယင်း Tweaks သည် iOS ၏ Safari Browser တွင် Website များအား Tab တစ်ခုပြီးတစ်ခုတစ်ပြိုင်နက် Unlimited ဖွင့်ထားစေနိုင်သည်။ ယင်း Features နှင့်ချွတ်စွပ်တူသော Tabs ဟူသော အမည်ဖြင့် features သည် iOS 7 ရဲ့ Safari Browser တွင် Built-in ပါဝင်လာခဲ့သည်။

**Notification Center on Lock screen**
--------------------------------------------
iOS 6 တွင်အသုံးပြုနိုင်သော Jailbreak Tweaks များထဲတွင် Bulletin ဟူသော Tweaks သည်လည်းနာမည်ကြီးသည်။ Bulletin သည် Lock Screen ပိတ်ထားသည့် အနေအထားတွင် ဖုန်းရဲ့ Notification Bar မှ noti များအား ဆွဲချကြည့်ရှုနိုင်စေရန်လုပ်ဆောင်ပေးသည်။ ယင်း Features နှင့်ပုံစံတူ " Notification Center on Lock screen " ဟူသော features သည် iOS 7 တွင် Built-in ပါဝင်လာခဲ့သည်။


ဒါကတော့ iOS 7 မှာပါဝင်လာတဲ့ Jailbreak tweak တွေရဲ့ Features များပဲဖြစ်ပါတယ်။ Pandaapp ကနေ ပြန်လည်မှီငြိမ်းပြီးအဆင်ပြေအောင် ဘာသာပြန်ဆိုထားပါတယ်။ အားလုံးပဲ ဗဟုသုတရရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။