Showing posts with label ဖုန်းနည်းပညာ မှတ်စုများ. Show all posts
Showing posts with label ဖုန်းနည်းပညာ မှတ်စုများ. Show all posts

Wednesday, June 22, 2016

C8816 ဖုန်းမှာ GSM Sim Card ထည့်သုံးလျှင်

Huawei C8816 CDMA တစ်ကဒ်ထိုးဖုန်းတွေမှာ GSM Sim Card ကိုလည်းထည့်သုံးလို့ရပါတယ်။ GSM Sim Card ထည့်သုံးမယ်ဆိုရင်ကြုံရမယ့်အခက်အခဲတစ်ခုကို ဖြေရှင်းနည်းလေးပါ။ အလွယ်လေးပါ။ ဒါပေမယ့် မသိသေးတဲ့သူများရှိရင် ဖြေရှင်းလို့ရအောင်လို့ ပြောပြပေးတာပါ။

ဖုန်းထဲကို GSM Sim Card ထည့်လိုက်ပါ။
ပုံမှာပြထားတဲ့ ဖုန်းခေါ်မယ့်နေရာကိုဝင်လိုက်ပါ။
နံပါတ်တစ်ခုခုကို ခေါ်ကြည့်ပါ။ ကျွန်တော်ကတော့ *124# နဲ့ Bill စစ်လိုက်ပါတယ်။

အပေါ်ကပုံအတိုင်းပြနေမှာပါ။ အောက်ဆုံးက Call Local ကိုနှိပ်ပြီးခေါ်မယ်ဆို ခေါ်လို့ရပါတယ်။ ဒါပေမယ့် ဖုန်းခေါ်လိုက်တဲ့အကြိမ်တိုင်းမှာ Call Local ကိုရွေးရွေးပြီး ခေါ်နေရမယ်ဆိုရင် အလုပ်ရှုပ်ပါတယ်။
အာ့ကြောင့် အောက်မှာပြထားတဲ့အတိုင်းပြောင်းပါမယ်။

ဖုန်းခေါ်တဲ့ အစိမ်းရောင်ခလုတ်ကလေးဘေးက အစက်ကလေး ၃ စက်ကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့အထဲက အမှန်ခြစ်ကိုဖြုတ်ပေးလိုက်ပါ။

အမှန်ခြစ်ဖြုတ်ပြီးသွားရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ နံပါတ်ကို ဖုန်းခေါ်ဆိုနိုင်ပါပြီ။



Monday, December 14, 2015

   
          
HTC ဖုန်းများတွင် ပါဝင်သော BoomSound စနစ်သည် ဖုန်းကိုပုံမှန်အတိုင်း အသုံးပြုမည်ဆိုပါက အဖွင့်အပိတ်ပြုလုပ်၍မရနိုင်ပါ။ ဖုန်း၏ အသံပိုင်းဆိုင်ရာအတွက် BoomSound စနစ်က သူ့အလိုအလျောက်အလုပ်အလုပ်ပေးသည့်အတွက် ပုံမှန်အသုံးပြုနေစဉ်အတွင်း အရောင်မှိန်နေပြီး အဖွင့် အပိတ်ပြုလုပ်၍မရနိုင်ခြင်း ဖြစ်ပါသည်။ BoomSound စနစ်အား အဖွင့်အပိတ်ပြုလုပ်လိုပါက စပီကာတစ်ခုခုဖြင့်သော်လည်းကောင်း၊ နားကြပ်ဖြင့်သော်လည်းကောင်း ဖုန်းဖြင့်ချိတ်ဆက်ကာ အဖွင့်အပိတ် ပြုလုပ်နိုင်ပါသည်။ ချိတ်ဆက်ထားသည့် စပီကာ၊ နားကြပ်တို့ကိုဖြုတ်လိုက်သည်နှင့် တပြိုင်နက် ၄င်းစနစ်ဟာနဂိုမူလအတိုင်းအရောင်မှိန်သွားပြီး ဖုန်း၏ အသံပိုင်းဆိုင်ရာ စနစ်များကို အလိုအလျောက်ထိန်းချုပ်ပေးသော အနေအထားသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။

Ctd to Ko Thet (IT.J)

Saturday, November 2, 2013

ဖုန်းတစ်လုံးရေထဲသို့  ပလုံဆိုပြီး ကျသွားသောအခါ


ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
...
အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။
ပါဝင်မဖွင့်ရ
အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါလုံးဝမဖွင့်မိဖို့ အရေးကြီး
ပါတယ်။
ဖြုတ်နိုင်သမျှဖြုတ်
ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။
ရေငွေ့မြန်မြန်ပြန်
ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့်
ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါတယ်။
ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။
အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။
ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့
ဖြစ်တတ် လို့ ဖြစ်ပါတယ်။
အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစို
ဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင်အဆင်ပြေပါသေးတယ်။