Wednesday, June 22, 2016

C8816 ဖုန်းမှာ GSM Sim Card ထည့်သုံးလျှင်

Huawei C8816 CDMA တစ်ကဒ်ထိုးဖုန်းတွေမှာ GSM Sim Card ကိုလည်းထည့်သုံးလို့ရပါတယ်။ GSM Sim Card ထည့်သုံးမယ်ဆိုရင်ကြုံရမယ့်အခက်အခဲတစ်ခုကို ဖြေရှင်းနည်းလေးပါ။ အလွယ်လေးပါ။ ဒါပေမယ့် မသိသေးတဲ့သူများရှိရင် ဖြေရှင်းလို့ရအောင်လို့ ပြောပြပေးတာပါ။

ဖုန်းထဲကို GSM Sim Card ထည့်လိုက်ပါ။
ပုံမှာပြထားတဲ့ ဖုန်းခေါ်မယ့်နေရာကိုဝင်လိုက်ပါ။
နံပါတ်တစ်ခုခုကို ခေါ်ကြည့်ပါ။ ကျွန်တော်ကတော့ *124# နဲ့ Bill စစ်လိုက်ပါတယ်။

အပေါ်ကပုံအတိုင်းပြနေမှာပါ။ အောက်ဆုံးက Call Local ကိုနှိပ်ပြီးခေါ်မယ်ဆို ခေါ်လို့ရပါတယ်။ ဒါပေမယ့် ဖုန်းခေါ်လိုက်တဲ့အကြိမ်တိုင်းမှာ Call Local ကိုရွေးရွေးပြီး ခေါ်နေရမယ်ဆိုရင် အလုပ်ရှုပ်ပါတယ်။
အာ့ကြောင့် အောက်မှာပြထားတဲ့အတိုင်းပြောင်းပါမယ်။

ဖုန်းခေါ်တဲ့ အစိမ်းရောင်ခလုတ်ကလေးဘေးက အစက်ကလေး ၃ စက်ကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့အထဲက အမှန်ခြစ်ကိုဖြုတ်ပေးလိုက်ပါ။

အမှန်ခြစ်ဖြုတ်ပြီးသွားရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ နံပါတ်ကို ဖုန်းခေါ်ဆိုနိုင်ပါပြီ။



Tuesday, February 23, 2016

Y320-C00 firmware installation , stock recovery backup,install & Troubleshoot


Huawei Y321-C00 ကို Firmware တင်ဖို့အတွက် Recovery mode ကို ၀င်ရပါမယ်၊။
Recovery ၀င်နည်းကို ဒီမှာ ကြည့်ပါ။

ပြီးတော့ Y320-C00 firmware ဖိုင်ကိုဒေါင်းလို့ရလာတဲ့ zip ကိုဖြည်လိုက်ရင် အထဲမှာ sdcard_update.zip ဆိုပြီးပါလာပါတယ်။ သူ့ကို ဘာမှ မပြင်ပါဘူး။
ကျွန်တော့်တို့ sdcard ထဲမှာသာ အရင်တုန်းက dload ဆောက်တာ အခု dload မဟုတ်တော့ပဲ image ဖိုင်ဆောက်ရပါတယ်။ အဲ့ image ဖိုင်ထဲမှာမှ
sdcard_update.zip ဆိုပြီးတော့ copy ယူပါတယ် firmware ကို။ ပြီးရင် sdcard ကို ဖုန်းထဲထည့်ပြီး ဒုတိယမြောက်အကြောင်း-
apply update from external storeage
/image/sdcard_update.zip ဆိုပြီးတင်ပါတယ်။
အောက်မှာ ဘားတန်းလေးပြေးပြီး firmware တင်လို့ပြီးသွားရင် reboot system now ကိုရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ Y320-C00 firmware တင်ခြင်းပြီးပါပြီး။

Recovery ပျက်နေတဲ့အလုံးကိုကျတော့ဘယ်လိုတင်မလဲ?

အွန်လိုင်းမှာ stock recovery နဲ့ custom recovery တွေရှာလို့မလွယ်တဲ့အခါ
အကောင်းအလုံးထဲက backup ထုတ်ယူတဲ့နည်းနဲ့ လုပ်ပါမယ်။ သူ့ recovery partation က block08 ပါ
အကောင်းအလုံးကို usb ကြိုးထိုးပြီးတော့ backup လုပ်ပါတယ်။ backup လုပ်ဖို့ root လုပ်ထားဖို့ လိုပါတယ် ။

ရိုက်ရမယ့် Command လေးက

adb shell su -c “cat /dev/block/mmcblk0p8 > /sdcard/mmcblk0p8.img” ပါ။

ဒါဆိုရင် ကျွန်တော်တို့ sdcard ထဲကို mmcblk0p8 ဆိုတဲ့နာမည်နဲ့ img ဖိုင်လေးတစ်ခုရောက်လာပါပြီ။
အဲ့ .img ဖိုင်လေးရပါပြီဆိုရင် recovery မကောင်းတဲ့ဖုန်းထဲကို Fastboot Mode ကနေ flash ရပါမယ်။
power + vol down နှိပ်၊ အပေါ်ဆုံးက Fast Boot Mode ဆိုတဲ့စာကြောင်းကို ရွေးပါ။
ပြီးရင် vol up ကိုဖိထားမယ် IN FAST BOOT MODE
ဆိုပြီး ပန်းရောင် screen မှာငြိမ်နေရင် ကြိုးထိုးလိုက်ပါ။ အဲ့တာ fastboot mode ပါ။
ပြီးရင်တော့ ခုနက recovery.img လေးကို fastboot folder ထဲထည့်ပီး rename ပေးပါ recovery.img ဆိုပြီး။

ပြီးရင် fastboot flash recovery recovery.img ဆိုပြီးရိုက်လိုက်ပါ။
ပြီးရင်တော့ Recovery mode ကနေ Firmware ပြန်တင်လို့ ရပါပြီ

အဲ့လိုမျိုး recovery backup & restore က အလုံးတိုင်းမရပါဘူး။ ဖုန်းတစ်လုံးနဲ့တစ်လုံး သုံးထားတဲ့ CPU ပေါ်မူတည်ပီး block တွေကွာပါတယ်။

Credit to MMAS

Huawei Y520-U22 Flashtool Firmware






Wednesday, December 30, 2015

Huawei Y321-C00 Recovery ၀င်နည်း

1 - Volume Down + Power Key ကိုတွဲနှိပ်ပါ။ 5 Secs, 6 Secs လောက်ကြာရင် အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။


2 - မြင်ရတဲ့ပုံထဲကမှ မိမိအသုံးပြုမယ့် mode ကို ရွေးပေးပါ။ အထက်အောက်ရွေးတဲ့အခါမှာ Volume Up , Volume Down နဲ့ပြောင်းရပါမယ်။ မိမိအသုံးပြုလိုတဲ့ mode ကို ၀င်ရောက်ချင်ရင်တော့ Volume Up ကို 3Secs လောက်နှိပ်ထားပေးလိုက်ရင် ရပါပြီ။

        - Fastboot ကို သွားချင်ရင်  1. Fast Boot Mode ဆိုတာကိုရွေး၊

        - Recovery ကိုသွားချင်ရင်  2. Recovery Mode ဆိုတာကိုရွေး၊


        -  ပုံမှန်အတိုင်းပြန်ဖြစ်ချင်ရင်တော့ 3. Exit ဆိုတာနဲ့ ထွက်လိုက်ပါ။

ကျေးဇူးတင်ပါတယ်။

Sunday, December 27, 2015

Huawei U9200 Firmware( One Click Installer )



Huawei U9200 အတွက် Firmware ကို One Click Install လုပ်ပေးမယ့် Tool လေးပါ။
ကျွန်တော်ကိုယ်တိုင်ပြုလုပ်ထားတဲ့ Tool လေးပါ။ဖုန်းကို Firmware Install လုပ်မယ်ဆိုရင်တော့
ဖုန်းကို Fastboot Mode ၀င်ပြီးတော့ ကြိုးထိုးလိုက်ပါ။ပြီးရင် Start ကိုနှိပ်လိုက်ရင်ဖုန်းကို 
Firmware Install ပြုလုပ်နေပါပြီ။အကူအညီလိုအပ်ရင် Get Help ကိုတစ်ချက်နှိပ်လိုက်ပါ။
အဆင်ပြေပါစေ။