ဖုန်းထဲကို GSM Sim Card ထည့်လိုက်ပါ။
ပုံမှာပြထားတဲ့ ဖုန်းခေါ်မယ့်နေရာကိုဝင်လိုက်ပါ။
နံပါတ်တစ်ခုခုကို ခေါ်ကြည့်ပါ။ ကျွန်တော်ကတော့ *124# နဲ့ Bill စစ်လိုက်ပါတယ်။
အပေါ်ကပုံအတိုင်းပြနေမှာပါ။ အောက်ဆုံးက Call Local ကိုနှိပ်ပြီးခေါ်မယ်ဆို ခေါ်လို့ရပါတယ်။ ဒါပေမယ့် ဖုန်းခေါ်လိုက်တဲ့အကြိမ်တိုင်းမှာ Call Local ကိုရွေးရွေးပြီး ခေါ်နေရမယ်ဆိုရင် အလုပ်ရှုပ်ပါတယ်။
အာ့ကြောင့် အောက်မှာပြထားတဲ့အတိုင်းပြောင်းပါမယ်။
ဖုန်းခေါ်တဲ့ အစိမ်းရောင်ခလုတ်ကလေးဘေးက အစက်ကလေး ၃ စက်ကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့အထဲက အမှန်ခြစ်ကိုဖြုတ်ပေးလိုက်ပါ။
အမှန်ခြစ်ဖြုတ်ပြီးသွားရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ နံပါတ်ကို ဖုန်းခေါ်ဆိုနိုင်ပါပြီ။
No comments:
Post a Comment