ဒီ Application တော့ ဖုန်းနဲ့ မှတ်စုရေးချင်သူတွေအတွက် အဆင်ပြေပါတယ်။
Notebook / Pad တွေကတော့ အများကြီးပါပဲ။ အမျိုးမျိုးတော့ သုံးကြည့်ဖူးတယ်။သုံးလို့ အဆင်ပြေတာလည်းရှိသလို အဆင်မပြေတာတွေလည်း ရှိတာပေါ့။ ဒီကောင်လေးက ထွက်တာတော့ အရမ်းကြီးမကြာသေးဘူး။ သုံးကြည့်တော့ အဆင်ပြေတယ်။ Password လည်း ပေးထားလို့ရ
တယ်ဗျ။ ကိုယ်ရေးကိုယ်တာလေးတွေ ရေးပြီးသိမ်းထားလို့ရတော့ အဆင်ပြေတယ်လေ။ စာအုပ်ပုံစံလေးတွေနဲ့ သူ့ကဏ္ဍနဲ့သူခွဲပြီး စာအုပ်စင်နဲ့ အကျအန တောင်သိမ်းနိုင်သေး.......
ကျွန်တော်ကတော့ စိတ်ကူးရတဲ့အချိန်၊ ခံစားချက်တွေဖြစ်တဲ့အချိန်တွေဆို ချစ်သူအတွက် ကဗျာလေးတွေရေးရေးပြီး သိမ်းထားတာ ( ဟဲဟဲ ...... ဘလိုင်းကြီးကြွားတာ ဟုတ်ဖူး )။ တခြား Data တွေ၊ မှတ်စုတွေလည်း ပါပါတယ်။ သုံးကြည့်လိုက်နော် အဆင်ပြေမယ်လို့ယုံတယ်ဗျာ။ အဲဒါကြောင့်ပေးတာ။
Notebook Pro Download
No comments:
Post a Comment