Tuesday, November 5, 2013

Galaxy Nexus i9250 (GSM) တွင် Android 4.3 နှင့် မြန်မာစာ (ဇော်ဂျီဖောင့်) တင်နည်း

လိုအပ်တဲ့ ဖိုင်များ …
  1. ကိုယ်တင်မယ့် Android 4.3 ဖိုင် လိုအပ်ပါတယ်.. အောက်ကလင့်မှာ တိုက်ရိုက် Download ရယူနိုင်ပါတယ်.. Google ရဲ့ Official Rom ဖြစ်ပါတယ်.. ကျွန်တော်တို့ တင်မှာက i9250 (GSM) ဖြစ်လို့ သူ့ရဲ့ Rom ကFactory Images "yakju" for Galaxy Nexus "maguro" (GSM/HSPA+) အောက်ထဲမှာပါ..
Android 4.0.4 (IMM76I)
Android 4.1.2 (JZO54K)
Android 4.2.2 (JDQ39)
Android 4.3 (JWR66V) ထဲကမှ အောက်ဆုံးက Android 4.3 ကို ဒေါင်းရမှာပါ.. လင့်ကတော့
<   https://dl.google.com/dl/android/aosp/yakju-jwr66v-factory-ad817ccc.tgz   > ဖြစ်ပါတယ်.. IDM ထဲ တိုက်ရိုက်ကူးထည့်ပြီး ဒေါင်းနိုင်ပါတယ်..

နောက်တခု လိုအပ်တာကတော့ Galaxy Nexus Toolkit Version 11 ဖြစ်ပါတယ်.. အဲကောင်လေးကို
ကျွန်တော် ပေါင်းထားတဲ့ ဖိုင်ကိုပဲ ဒေါင်းပြီး Rar ဖြည် ၊ App icon လေး Double Click ပြီး သုံးနိုင်အောင် လုပ်ပေးထားပါတယ်.. အဲ့တာကတော့
http://www.mediafire.com/download/nb77cs5paozb89a/Galaxy_Nexus_ToolKit.rar  > မှာ ဒေါင်းနိုင်ပါတယ်.. အသုံးပြုပုံကတော့ Rar ကို ဖြည်ပြီး ရလာတဲ့ Folder ထဲက Toolkit ဆိုတဲ့ အနီရောင် Icon လေးကို နှိပ်ပြီး သုံးရုံပါပဲ..

မြန်မာစာ ထည့်မယ်ဆိုတော့ မြန်မာစာ CWM လေးပေါ့ဗျာ.. အဲ့တာလေးက <  http://www.mediafire.com/download/c1jhxv7b31x1yv7/CWM_Zawgyi.zip  >  မှာဗျ…


နောက်တခု လိုတာကတော့ USB Cable ပေါ့…

အကုန်စုံပြီဆိုရင် ဒေါင်းထားတဲ့ထဲက Rar ဖိုင်ကို ဖြည်ပါ.. ရလာတဲ့ Galaxy Nexus Toolkits ဆိုတဲ့ Folder ကို C: အောက်ထဲကို ကူးထည့်ပေးပါ… အသုံးပြုဖို့ကတော့ အဲ့ဖိုဒါ ထဲက Toolkit ဆိုတဲ့ အနီရောင် အိုင်ကွန်ပုံလေးကို နှိပ်ပြီး သုံးရုံပါပဲ…

ပြီးရင် စလို့ရပါပြီ..
……………………………
ပထမဦးဆုံး လိုအပ်ချက်က ဖုန်းရဲ့ Fastboot driver ကို Toolkit တင်ထားတဲ့ ကွန်ပျုတာ က သိထားရပါမယ်.. အဲ့အတွက် Nexus toolkit ကို Run ပါ…
ပထမဦးဆုံး အပ်ဒိတ်လုပ်မလား မေးပါမယ်..   n  ကို နှိပ်ပြီး enter ခေါက်ပါ…
ပေါ်လာတဲ့စာတွေထဲက 17 ကို ရွေးရမှာဖြစ်လို့ 17 ရိုက်ပြီး ENTER …

ထပ်ပေါ်လာမှာက 1 to 29 ရွေးချယ်ရမယ့်ထဲက Driver install လုပ်ဖို့ နှိပ်ရမှာက 1 . ထပ်ပေါ်လာတဲ့ 1,2,3,4 ထဲမှာ ကိုယ်အသုံးပြုနေတဲ့ကွန်ပျုတာရဲ့ OS ပေါ်မူတည်ပြီး တင်ပေါ့ဗျာ.. XP ဆိုရင် 1 , windows 7 ဆိုရင် 2 ကိုနှိပ်ပေါ့…
ထပ်မေးလာတာက install လုပ်မလား ဆိုတာရယ်.. လုပ်ပြီးသား ကို ပြန်ဖြုတ်မလား ဆိုတာရယ် / ဘာမှမလုပ်ဘူးပြန်ထွက်မယ်ဆိုတာရယ်ပေါ့… ကိုယ်က Install လုပ်မှာကိုး ..  1  ကို နှိပ်ပြီး enter ခေါက်ပေါ့…
ပြီးရင် ခဏစောင့် .. 1 to 29 ကို ပြန်ရောက်သွားရင် driver installation ပြီးဆုံးပါပြီ..  Nexus ရဲ့ fastboot option တွေကို ကွန်ပျူတာက သိပြီဆိုပါတော့..

ထပ်လုပ်ရမယ့်အချက်တွေထဲမှာ -

 မိမိဖုန်းဟာ Lock လား ၊ Unlock လုပ်ထားလားဆိုတာ သိရပါမယ်.. ဘယ်မှာကြည့်ရမလဲဆိုရင် ဖုန်းပါဝါစတက်လာချိန် Google လိုဂိုလေး တက်လာရင် အောက်နားမှာ သော့ဂလောက်လေး ရှိပါတယ်.. အဲ့ သော့ဂလောက်လေးက ခတ်ထားတဲ့ပုံဆိုရင် Lock ပါ… သော့ဂလောက်လေး နည်းနည်း ဟနေတဲ့ ပုံဆိုရင် Unlock ပါ.. ကျွန်တော်တို့ လိုအပ်ချက်က Unlock ဖြစ်နေရပါမယ်..

Unlock လုပ်ပြီးသား ဖုန်းတွေအတွက် မလိုအပ်ပေမယ့် မလုပ်ရသေးတဲ့လူတွေအတွက် -
ဖုန်းမှာ USB Debugging ဖွင့်ထားရမယ်..
မဖွင့်ရသေးရင် settings > About Phone > Build number ဆိုတဲ့နေရာလေးကို ဆက်တိုက် ၇ ချက်လောက်ဆက်တိုက်နှိပ်ပေးပါ… စာတမ်းလေးတခု တက်လာပါမယ်.. step ဘယ်လောက်ကျန်တယ်ဆိုပြီးတက်လာရင် ကျန်သလောက် ဆက်နှိပ်ပေးပါ..
You are Already a developer ဆိုတဲ့ စာတက်လာရင် ရပါပြီး.. ပြီးရင် ဖုန်းကို ပါဝါပိတ်ပါ…ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ USB  ကြိုးဖြုတ်ထားပါ…
ပါဝါပိတ်ပြီးတာနဲ့ Power + Volume Up + Volume Down ခလုပ် ၃ ခုစလုံး တပြိုင်နက်တည်း နှိပ်ပေးပါ..  fastboot တက်လာပါလိမ့်မယ်.. Start ဆိုတဲ့ စာလုံးကြီးနဲ့  စက်ရုပ်ကြီး ဗိုက်လန် နေလိမ့်မယ် .. ပြီးရင် USB Cable နဲ့ ကွန်ပျုတာ ကို ချိတ်ဆက်ပေးပါ..

1 to 29 ထဲက 3 ကိုရိုက်ပြီး enter ခေါက်ပါ.. ထပ်ပေါ်လာတဲ့ ၁ ၂ ထဲက ၁ ကိုရိုက်ပြီး enter ခေါက်ပါ.. ပထမ မေးခွန်းတခုအတွက် yes ကို ရိုက်ပြီး enter ခေါက်ပါ… Wating for Device ဆိုပြီး တက်ပါမယ်.. ဖုန်း နဲ့ ချိတ်ဆက်မိပြီဆိုရင် မေးသမျှမေးခွန်းတိုင်း yes ရိုက်ပြီး enter ခေါက်ပေးပါ..
ဖုန်း Reboot ဖြစ်သွားပြီး ပြန်တက်လာချိန် google လိုဂိုလေး အောက်က သော့ဂလောက်လေး ပွင့်သွားရင် Unlock ဖြစ်သွားပါပြီ… သော့လေး မပွင့်ဘူးဆိုရင်  အစကနေ ပြန်လုပ်ပေးပါ.. >> 1 to 29 ထဲက 3 …

ဖုန်း ကို ကြိုး ဖြုတ်ပါ.. ပြီးရင် ပါဝါ ပိတ်ပြီး fastboot အဖြစ်ပြန်တက်ရအောင် Power + Volume up + Volume Down ခလုပ် ၃ ခုကို ပြိုင်တူဖိထားပြီး ၃ စက္ကန့်လောက်စောင့်ပါ…

Fastboot အနေနဲ့ တက်လာပြီဆိုရင် ဖုန်း နဲ့ ကွန်ပျုတာ ကို USB Cable သုံးပြီး ပြန်ချိတ်ဆက်ပေးပါ…

ကဲ….. 4.3 ကို စတင်ပါတော့မယ်.. တခုကြိုပြောထားချင်တာကတော့ မိမိဖုန်းအတွင်းမှာ တင်ထားတဲ့ Game and App တွေ အကုန် နဲ့ Contact ၊ Message တွေ ဓါတ်ပုံ သီချင်း နဲ့ ဗီဒီယို တွေ အကုန် ပျက်သွားမှာဖြစ်ပါတယ်.. ဒါကြောင့် လိုချင်တဲ့ Data များရှိရင် ဒီအဆင့်မတိုင်ခင် ကူးယူထားဖို့ အသိပေးပါတယ်…

စပါမယ်.. Toolkit ကို ပိတ်ပါ … ပြီးရင်  Google ကနေ ဒေါင်းထားတဲ့ 4.3 ဖိုင် ကို C:  အထဲကို ကူးထည့်လိုက်တဲ့  Galaxy Nexus ToolKit Folder ကိုဖွင့် ၊ အဲ့ထဲက  put_google_factory_image_here ဆိုတဲ့ Folder ထဲကို ကူးထည့်ပေးပါ..

Toolkit ကို ပိတ်ပြီး ပြန်ဖွင့်ပါ… ပထမဦးဆုံး Update လုပ်မလားဆိုတာကို No ရိုက်ပြီး Enter နဲ့ ကျော်လိုက်ပါ..
ကျွန်တော်တို့ တင်မှာက 4.3 ဆိုပေမယ့် Toolkit က 4.2.2 ထိပဲ ထွက်သေးတာ..သို့ပေမယ့်လဲ အေးဆေးပါ.. 4.3 ကို အဆင်ပြေစွာတင်ဆောင်နိုင်ပါတယ်.. ဒီတော့ ကျွန်တော်တို့ 4.2.2 Function ကိုပဲ ရွေးချယ်ပါမယ်.. အဲ့ကောင်လေးက 17 ကို ရိုက်ပြီး Enter ပေါ့.. ကျွန်တော်တို့ကို အလုပ်ပေးတဲ့ 1 to 29 လေး ပေါ်လာပါမယ်… ဒီ toolkit ထဲမှာ Number တွေနဲ့ပဲ အလုပ်လုပ်သွားတယ်ဆိုတာ ဒီအချိန်လောက်ဆို သဘောပေါက်မှာပါ..

4.3 တင်မယ်ဆိုတော့ Google Factory Rom နဲ့တင်တာဖြစ်လို့  Number 9 လေးကို ရိုက်ပြီး ရွေးချယ်လိုက်ပါ…
ပေါ်လာတဲ့ထဲက 1 က Download လုပ်မလားမေးတာဗျ… ဘယ်လုပ်တော့မလဲ ဒေါင်းပြီးနေပြီဟာ… ဒီတော့ စဖြည်တော့မှာပေါ့..  2 ကိုရိုက်ပြီး ဖြည်မယ်လုပ်လိုက်…

ပေါ်လာတဲ့မေးခွန်းတွေက ဝိနည်းလွှတ်တွေဗျ.. အကုန်လုံး yes လေးတွေ ရိုက်ပေးပြီး Enter သာ နာနာခေါက်ဗျာ..

သူ့ဟာသူ ဖိုင်တွေဖြည်လို့ သူ့ဟာသူ ထည့်ပေးလိမ့်မယ်ဗျ.. အဲ့လို ဖိုင်တွေ ဖုန်းဆီ ထည့်ပေးနေရင် ဖုန်းမှာ အပြာရောင်မျဉ်းလေးတခုနဲပ ဘယ်ဖိုင်တွေ ဝင်နေပါတယ် ဘာညာ ပေါ်လာလိမ့်မယ်.. အကုန်လုံးတင်ပြီးလို့ ဖုန်းက restart ကျသွားပြီး ဖုန်းပြန်တက်လာတဲ့အခါ USA ဘာညာကွိကွ မေးလာပြီဆို 4.3 လေးကို အောင်မြင်စွာ တင်ဆောင်ပြီးပြီပေါ့…

လိုအပ်တာလေးတွေ ရိုက်ထည့် ရွေးချယ်ပြီးရင် အပေါ်မှာ ပေးထားတဲ့ ဇော်ဂျီ ကိုထည့်ဖို့ ကျန်တာပေါ့… အဲ့အတွက် ဖုန်းကို ပုံမှန်အတိုင်း ကွန်ပျုတာ နဲ့ ချိတ်ဆက်ပြီး cwm_zawgyi ဇစ် ဖိုင်လေးကို  ဖုန်းထဲကို ကူးထည့်ပေးပါ… ဘယ်ဖိုဒါထဲကူးရမလဲ မမေးနဲ့ ၊ မလိုဘူးဗျ.. ဒီတိုင်းပဲ အလွှတ်ကူးထည့်ပေးလိုက်… ကူးပြီးရင် Android တို့ DCIM တို့ ဘာတို့ရဲ့ အောက်ဆုံးမှာ ဇော်ဂျီဇစ် ဖိုင်လေးကို မြင်ရမှာပေါ့…

ဇော်ဂျီ ကို ဒီတိုင်းထည့်လို့မရသေးဘူး.. CWM Function နဲ့မှ ရမယ် … ကျွန်တော်တို့က အခုမှ OS တင်ပြီးတာဆိုတော့ CWM ကို မဖွင့်ပေးရသေးဘူးလေ.. ဖွင့်ရဦးမယ်ခင်ဗျ…

CWM လေးပွင့်ဖို့ Toolkit ကို အရင်ဖွင့်…..ဖုန်းကို ပါဝါ ပိတ်၊ ခလုပ် ၃ ခုလုံးနှိပ်ပြီး Fastboot ထဲ ပြန်ဝင်ပါ… ပြီးရင် ဖုန်း နဲ့ ကွန်ပျုတာ ကို USB နဲ့ ပြန်ချိတ်ရမယ်…

ထုံးစံအတိုင်း အပ်ဒိတ် ဆို နိုးပေါ့ဗျာ.. ထပ်ပေါ်လာတဲ့ထဲက 4.2.2 အတွက်ဆိုပြီး 17 လေးရိုက် enter ခေါက်

လာပါပြီ 1 to 29 …. အဲ့ထဲက 6 ရွေးရမှာ… Flash Recovery mode ကို ဆိုပါတော့.. ပြီးတော့ enter လေးနှိပ်လိုက်ရော 1 t0 4 ထပ်ပေါ်လာမယ်.. အတော်လဲ အလုပ်များတဲ့ကောင်ကိုးဗျ..

ကျွန်တော်တို့က တခုပဲ လုပ်မှာပါ… 1 ကို နှိပ်ပြီး ရွေးချယ်လိုက်ပေါ့.. enter နော့ ..
မေးခွန်းတွေ လာထူဦးမယ်ဗျ.. ခေါင်းသာငြိမ့်ပေးလိုက်… yes yes yessssss….

ခဏလေးစောင့်.. နည်းနည်းလေးတော့ စိတ်ရှည်ပေးရတာပေါ့… အဲ့မှာ နည်းနည်းလေး စောင့်ရတယ်ဗျ… ၂ မိနစ်လောက်ပါ.. :D

ဖုန်းက Auto Restart ကျသွားပြီး ပုံမှန်အတိုင်းပြန်တက်လာရင် CWM ကို အောင်မြင်သွားပါပြီ..
မပြီးသေးဘူးခင်ဗျ.. CWM ပဲရသေးတာ .. ဇော်ဂျီ ကိုယ်ယောင် မပြရသေးဘူး..
ဖုန်း ကို ပါဝါ ပြန်ပိတ်ပါ.. သြော် မေ့လို့ USB  ကြိုး ကို ဖြုတ်လို့ရပြီနော်.. တော်ကြာ တန်းလန်းကြီး နဲ့ လုပ်နေဦးမယ်.. ဟဲ ဟဲ
ကဲ fastboot ကို ပြန်ဝင်မယ်ဗျာ.. ခလုပ် ၃ ခု စုံသာနှိပ်… တက်လာပြီဆိုရင် အသံ တိုး တဲ့ခလုပ်လေး ၂ ချက်လောက် နှိပ်ပေးလိုက်…  Recovery Mode ဆိုပြီး အကြီးကြီး ပြလိမ့်မယ်.. အဲ့အခါကျတော့ Power လေးကို တချက်လောက် နှိပ်ပေးလိုက်စမ်းပါ…

Google က ခဏ ခဏ ကြော်ငြာတက်တယ်ဗျ… သည်းခံပေးလိုက်.. ဟော အပြာရောင်အတန်းကြီးနဲ့ ဘာတွေမှန်းမသိပေါ်လာရင် ဘာမှ မလုပ်ပါနဲ့ … Install zip from sdcard ဆိုတဲ့ စာတန်းလေးကို Volume Down လေးနှိပ်ပြီး အပြာ တားလိုက်ဗျာ.. ရပြီဆိုရင် ပါဝါ ခလုပ်လေး တချက်လောက် နှိပ်ပေးလိုက်.. choose zip from sdcard ဆိုပြီး အပြာတားပြီးသားလေး ပေါ်လာရော .. အောက်က စာတွေကတော့ ဂရုစိုက်မနေပါနဲ့ … ကျွန်တော်လဲ တခါမှ မလုပ်ဖူး..ရွေးချယ်ပြီး ဆက်သွားမယ်ဆိုရင် ပါဝါ ကိုပဲ နှိပ်ရတာ.. ဒီတော့ ပါဝါလေး တချက်လောက် နှိပ်ပေးလိုက်ပေါ့ဗျာ..

ဟော 0/ ဆိုပြီး ထပ်ပေါ်လာရင် အဲ့ 0/ ကိုပဲ ရွေးရမှာဆိုတော့ ထွေထွေထူးထူး ဘာမှ လုပ်မနေနဲ့ ..ပါဝါ ကိုပဲ ဆက်နှိပ်ဗျို့..

လာပါပြီ … ဖိုင်ပေါင်း သောင်းခြောက်ထောင် .. နို့ပေမယ့် လိုချင်တာက ဇော်ဂျီ …
ဇော်ဂျီ ကိုပဲ လိုချင်တယ်ဆို အသံတိုး တဲ့ ခလုပ်လေးနှိပ်ပြီး လိုက်ရှာပေတော့ ..အောက်နားလောက်မှာ ဇော်ဂျီပုန်းနေတတ်တယ်.. :D  CWM_Zawgyi.zip ဆိုပြီးတွေ့ရင် အပြာတန်းလေး တင်ပြီး power နှိပ်ရတာပါပဲဗျာ..
No ဆိုပြီး တန်းပြာတာပဲ… သို့ပေမယ့် ကျွန်တော်တို့က Yes ချင်တာလေ.. Yes – Install CWM_Zawgyi.zip လေးကို ရွေးပြီး ပါဝါ ခလုပ်လေးသာ နှိပ်လိုက်… ဘာညာညကွိကွ နဲ့ စာတန်းတွေ ၃ ကြောင်းလောက် အပျင်းပြေ ပြလိမ့်မယ်..

ပြီးသွားပါပြီဆိုပြီး စာတန်းလေးများ မျက်စိ့ကောင်းမယ်ဆို ဖတ်ကြည့်နိုင်ပါတယ်.. ဒါဆို Go Back တွေ ရွေးပြီး တပ်ပြန်ဆုပ်ရမှာပေါ့.. Reboot System Now ဆိုတဲ့ စာတန်းလေး မပေါ်မချင်းပေါ့..

စကတည်းကပေါ်နေတယ်ဆိုလဲ ရွေးပြီး Power လေး နဲ့ နှိပ်ပေးလိုက်ရင် ဖုန်း က restart ဖြစ်သွားတယ်ဆိုရင်တော့ ဖုန်းကို 4.3 တင်ပြီးလို့ မြန်မာစာ လေးပါ တင်ပြီးပြီဆိုတာ သိလိုက်ရပြီပေါ့…

အပျင်းပြေအောင် ရှင်းပြထားပါတယ်..

အဆင်မပြေရင် ကျွန်တော့ကို ဖေ့ဘုတ်ကနေ ဆက်သွယ်နိုင်ပါတယ်.. ရန်ကုန်ကဆိုရင် ကျွန်တော်ဆီ လာနိုင်မယ်ဆို အစအဆုံး တင်ပေးလိုက်ပါမယ်..

အခုရေးထားတာတွေကလဲ အလွယ်ကူဆုံးဖြစ်အောင် စဉ်းစားပြီး ရေးသားထားတာကြောင့် အခက်အခဲ မရှိလောက်ပါဘူး.

.နောက်တချက်ကတော့ CWM_Zawgyi.zip ကို ဘယ်သူရေးသားထားလဲ ကျွန်တော်မသိပါခင်ဗျ.. ဒါကြောင့် ကျေးဇူးတင်မယ်ဆို ဖောင့်အဆင်ပြေအောင်လုပ်ပေးတဲ့ အဆိုပါ Developer ကိုသာ ကျေးဇူးတင်ပါခင်ဗျ

No comments:

Post a Comment