Friday, November 1, 2013

ဖုန်းရဲ့ Internet Speed ကိုပြပေးမယ့်  

Internet Speed Meter


ဖုန်းနဲ့ အင်တာနက်အမြဲသုံးနေတဲ့ ဘော်ဘော်တွေအတွက် အသုံးဝင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်လေးက မိမိသုံးနေတဲ့ အင်တာနက် speed ဘယ်လောက်ရှိနေလဲ ဆိုတာကို ဖုန်းကနေ အင်တာနက်စဖွင့်လိုက်ပြီဆိုတာနဲ့ ဖုန်းရဲ့ notification bar လေးမှာ ပြပေးနေမှာပါ။
ဒါဆိုရင် အင်တာနက်ကို ကိုယ့်ဖုန်းမှာ ဘယ် speed နဲ့သုံးနေရလဲဆိုတာ သိရတာပေါ့။ အရင်တုန်းကဆို အင်တာနက်သာဖွင့်ထားတယ် လိုင်းကျနေလား၊ မတက်ဖူးလား ဆိုတာ မသိရဘူး။ ခုကျတော့ ကွဲကွဲပြားပြားကြည့်လို့ရပြီ။ မကောင်းဘူးလား ...... ပိတ်ထားလိုက်ပေါ့။ လိုင်းမကောင်းတဲ့ အချိန် မိမိရဲ့အဖိုးတန်တဲ့ bill လေးတော့ ချွေတာလို့ရတယ်လေ။ နောက်ပြီးတော့ ကိုယ်သုံးခဲ့တဲ့ အခြေအနေတွေကိုလည်း ပြန်ကြည့်လို့ရတယ်။ ရှယ်ဘဲ။ ဘယ်နေ့က ဘယ်လောက်သုံးခဲ့သလဲပေါ့။  ကျွန်တော်လည်း ခုအဲဒါပဲသုံးနေတာ။ သုံးရတာလည်း အဆင်ပြေပါတယ်။ ကဲ မရှိသေးတဲ့ သူငယ်ချင်းတွေလည်း ဒေါင်းပြီး သုံးကြည့်လိုက်တော့..

No comments:

Post a Comment