Shortcut သက်မှတ်နည်းနဲ့ အသုံးပြုနည်းကို အောက်မှာပုံများနဲ့တကွ ပြပေးထားပါတယ်။
ပထမဦးစွာ ပုံတွင်ပြထားသည့်အတိုင်း Setting ထဲသို့ ဝင်ပါ။ Setting ထဲမှ General >
General ထဲမှ Keyboard >
Keyboard Setting အတွင်း အောက်ဆုံးနားတွင် Add New Shortcut ကိုဝင်ပါ။
Shortcut Setting အတွင်း ပုံမှာပြထားသည့်အတိုင်း Phrase နှင့် Shortcut ဆိုပြီး နှစ်မျိုးတွေ့ရမှာပါ။
Phrase
နေရာတွင် မိမိတို့ အသုံးပြုလိုသည့် စာလုံး၊ စကားစုကိုရေးပါ။ အောက်က
Shortcut နေရာတွင် အတိုကောက်ရိုက်မည့် စာလုံးကိုရေးပါ။ ပြီးရင် Save
လုပ်ပါ။
ထိုအဆင့်များပြုလုပ်ပြီးပါက
Keyboard Setting ထဲတွင် မိမိတို့သတ်မှတ်ပေးထားသော စာလုံး၊ စကားစုများကို
Shortcut စာလုံးများနှင့်အတူတွေ့မြင်ရမှာဖြစ်ပါတယ်။
မိမိတို့သတ်မှတ်ပေးထားသော
Shortcut များကို စမ်းသပ်၍သုံးကြည့်သည့်သဘောဖြင့် စာရိုက်ရန် message Box
သို့သွားပါမယ်။ မိမိတို့ သတ်မှတ်ပေးထားခဲ့သော Shortcut ကို
စာရိုက်သည့်အကွက်တွင် ရိုက်ကြည့်ပါ။ ထို Shortcut နှင့် သတ်ဆိုင်သော
စကားစုကို အပေါ်တွင်ပြပေးမှာပါ။ ထိုစကားစုပေါ်တွင်
ရွေးချယ်ပေးလိုက်ခြင်းအားဖြင့် စာရိုက်ရာတွင် အချိန်တိုအတွင်း
လျင်မြန်စွာရေးသားနိုင်စွာဖြစ်ပါတယ်။
ထိုသတ်မှတ်ထားသော
Shortcut များကို ဖျက်ခြင်း၊ ပြုပြင်ခြင်း၊ ထပ်ပေါင်းခြင်းများ
ပြုလုပ်လိုပါက ညာအပေါ်ထောင့်နားရှိ Edit ကိုရွေးချယ်ပေးပါ။
ပုံတွင်ပေါ်လာသည့်အတိုင်း
မိမိတို့ပြုပြင်လိုသော Shortcut တစ်ခုချင်းစီကိုရွေးချယ်၍
မိမိတို့စိတ်ကြိုက်ပြန်လည် သတ်မှတ်နိုင်ပါတယ်။ ဖျက်လိုပါက ဘေးနားရှိ
အနုတ်လက္ခဏာနှင့်အနီဝိုင်းကိုရွေးချယ်၍ ဖျက်နိုင်ပါတယ်။
English ဘာသာမက မြန်မာဘာသာကိုလည်း ၄င်းကဲ့သို့ Shortcut Key များအသုံးပြု၍ ရေးသားနိုင်ပါတယ်။
အားလုံးပဲ အသိပညာဗဟုသုတများ တိုးပွားနိုင်ကြပါစေ။
Ctd > Ko Thet (IT Journal)
No comments:
Post a Comment