- အင်တာနက်လျှောက်ထားမည့်ဖုန်းတွင် ငွေ 10,000 နှင့်အထက်ရှိရမည်။
- အင်တာနက်လျှောက်ထားပြီးပါက ၄င်းငွေကျပ် 10,000 အား ကနဦးဝန်ဆောင်ခအဖြစ် ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
- စတင်လျှောက်ထားရန် 1331 သို့ Order dataservice ဟု မက်ဆေ့ခ်ျပို့ရမည်။
- ထို့နောက် MPT မှ မက်ဆေ့ခ်ျပြန်ဝင်လာပါက မိမိဖုန်းအား Resert ပြုလုပ်ပေးရမည်။(သို့) Power ပိတ်၍ ပြန်ဖွင့်ပေးရမည်။ ထိုလုပ်ဆောင်ချက်များပြီးပါက Mobile Internet Access ရရှိပြီးဖြစ်ပါသည်။
- မိမိတို့ကိုင်ဆောင်ထားသော ဖုန်းတွင် Mobile Internet အသုံးပြုနိုင်ရန်အတွက် APN Setting ကိုဖြည့်စွပ်ပေးရန်လိုပါသည်။
- Setting သို့ဝင်ပါ။
- Mobile Network သို့ဝင်ပါ။ (သို့) More > Mobile Network
- Access Point Name သို့ဝင်ပါ။ ( တချို့သော Sim Card နှစ်ကဒ်သုံးဖုန်းများတွင် မိမိတို့ ထည့်သွင်းအသုံးပြုသော Sim Card နှင့်သက်ဆိုင်သည့် အထဲသို့ဝင်ရပါမယ်။ )
- ထို့နောက် Menu Key ကိုနှိပ်၍ New Apn ကိုရွေးပါ။
- ပေါ်လာသော Setting အတွင်း
APN - mptnet
ဟု ရိုက်ထည့်ပါ။ (ကျန်သော Setting များထည့်သွင်းရန် မလိုပါ)
- ထို့နောက် Menu Key ကိုပြန်လည်နှိပ်၍ Save ကို ရွေးပေးပါ။
- ပေါ်လာသော mptnet ၏ဘေးရှိ အဝိုင်းပျောက်လေး လင်းနေပါလိမ့်မည်။ ( မလင်းပါက ၄င်းအဝိုင်းပျောက်ပေါ်သို့ လက်ဖြင့် တစ်ချက်နှိပ်ပေးပါ။ )
- ထို့နောက် Notification Bar ပေါ်မှ Data Switch ( မြှားနှစ်ချောင်းပုံ ) အားဖွင့်၍ အင်တာနက် စတင် အသုံးပြုနိုင်ပါပြီ။
kyawsannlinn.mdy@gmail.com
No comments:
Post a Comment