Monday, December 14, 2015

MEC (CDMA 800) အင်တာနက် Setting ချိန်နည်း

  ယခင်က MEC CDMA 800 အတွက် အင်တာနက်လျှောက်ထားရာတွင် သက်ဆိုင်ရာမြို့အလိုက် ကြေးနန်းရုံးများတွင် ကိုယ်တိုင်သွားရောက်လျှောက်ထားရသည်။

ယခု မိမိတို့၏ Mobile Phone များမှတဆင့် မက်ဆေ့ခ်ျပေးပို့ လျောက်ထားနိုင်ပြီဖြစ်သည်။
  1. အင်တာနက်လျောက်ထားမည့်ဖုန်းတွင် ငေ 10,000 နှင့်အထက်ရှိရမည်။
  2. အင်တာနက်လျောက်ထားပြီးပါက ငေ 10,000 အား ကနဦးဝန်ဆောင်ခ အဖြစ် ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
  3. စတင်လျောက်ထားရန် 233 သို့ Open EVDO ဟု မက်ဆေ့ခ်ျပေးပို့ရမည်။
  4. ထို့နောက် မက်ဆေ့ခ်ျပြန်ဝင်လာပါက မိမိတို့၏ဖုန်းအား Restart (သို့) Power ပိတ်၍ပြန်ဖွင့်ပေးရမည်။ ထိုလုပ်ဆောင်ချက်များပြီးပါက မိမိတို့ဖုန်းတွင် Internet Access ရရှိပြီဖြစ်ပါသည်။
  5. မိမိတို့ကိုင်ဆောင်သော ဖုန်းတွင် အင်တာနက်စတင်အသုံးပြုနိုင်ရန် APN Setting ကိုအောက်ပါအတိုင်း ဖြည့်စွပ်ပေးရန်လိုပါသည်။
Internet APN (Access Point Name) Setting ချိန်နည်း
  • Setting သို့ဝင်ပါ။
  • Mobile Network (သို့) More > Mobile Network သို့ဝင်ပါ။ (Version အနိမ့်ဖုန်းများတွင် Wireless and Network ထဲသို့ဝင်ပါ။)
  • GSM / CDMA နှစ်ကဒ်ထည့်ဖြစ်ပါက CDMA Network အတွင်းသို့ဝင်ပါ။
  • Access Point Name သို့ဝင်ပါ။
  •  Menu Key နှိပ်၍ New APN ရွေးပါ။
  • ပေါ်လာသော Setting အတွင်းအောက်ပါနည်းများအတိုင်း ဖြည့်စွပ်ပေးရမည်။
  • MEC APN Setting ချိန်နည်းများစွာရှိသည့်အနက် မိမိတို့ဖုန်းနှင့် အဆင်ပြေသော တစ်နည်းကို အသုံးပြုနိုင်ပါသည်။

APN Setting ချိန်နည်း (1)

 Name - mectel
APN - #777
Username - card
Password - card
Prompt password - #777

APN Setting ချိန်နည်း (2)

 Name - CTNET
APN - #777
Username - card
Password - card
Authentication type - PAP or CHAP

APN Setting ချိန်နည်း (3)

 Name - Mectel (or) Card
APN - #777
Username - mectel@c800.mm (or) card@c800.mm
Password - 123 (or) 12345 (or) card
Authertication type - PAP or CHAP (or) CHAP
APN type - default
Prompt Password - #777
မှတ်ချက်။    ။
- APN မပါသော သူများ PPP Digit မှာ #777 ရိုက်ထည့်ပေးရပါမယ်။
- Prompt Password မပါဝင်ပါက APN type နေရာတွင် default ဟုရိုက်ထည့်ပေးရမည်။
  • ထို့နောက် Menu Key ကိုနှိပ်၍ Save ကိုရွေးပါ။
  • CTNET ဘေးတွင်ရှိသော အဝိုင်းပျောက်နေရာတွင် လင်းနေလျှင်ရပါပြီ။ မလင်းပါက ၄င်းအဝိုင်ပေါ်သို့ တစ်ချက်နှိပ်ပေးလိုက်ပါ။(တချို့ဖုန်းများတွင် လိုအပ်ပါက Restare ချပေးရပါမည်။)
  • Notification Bar ပေါ်ရှိ Data Switch ကိုဖွင့်၍ အင်တာနက် စတင်အသုံးပြုနိုင်ပါပြီ။

No comments:

Post a Comment