Sunday, December 27, 2015
Huawei Device တွေ IMEI null & 0 တစ်လုံးထဲပေါ်တဲ့ Error ရှင်းနည်း
Huawei Device တွေမှာ IMEI null & 0 တစ်လုံးထဲပေါ်တဲ့ Error ကို ရှင်းနည်းလေး ပြန်လည်မျှဝေ
ပေးလိုက်ပါတယ်။ ကျတော် C8815 မှာ စမ်းကြည့်ထားပါတယ်။ ကျတော်ပြောထားတဲ့ Error လောက်ဆိုရင်တော့
ရတာများပါတယ်။အောက်မှာပြထားတဲ့ အတိုင်းလုပ်လိုက်ပါ။
1) Enable debugging by USB in the settings
2) * # * # 2846579 # * # * -> ProjectMenu -> Background settings -> Usb port settings put the Manufacture mode.
(Most likely it is already selected, then select Normal mode and re-manufacture mode)
3) * # * # 2846579 # * # * -> ProjectMenu -> Background settings ->
Qualcomm backround open settings put the background open. Password 0
အပေါ်မှာ ပြောထားတဲ့အတိုင်းလုပ်ပေးရုံနဲ့ မရခဲ့ရင် DFS.exe လေးနဲ့ ထက်လုပ်ပေးလိုက်ပါ။
ကျတော်လုပ်တုန်းကတော့ DFS မသုံးလိုက်ရပါဘူး။
အပေါ်က အဆင့်တွေနဲ့တင် ရခဲ့ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။
DFS.exe လိုအပ်မယ်ဆိုရင်တော့ DFS 3.3.0.7.exe
Credit to MMAS
Wednesday, December 23, 2015
Huawei C8816 အတွက် Original မြန်မာစာပါတဲ့ Firmware
Firmware Info :
Phone : C8816
Android Version : 4.3
Build Number : V100R001C92B174
Release Date : 27-2-2014
File Size : 799.75MB
Thursday, December 17, 2015
Huawei C8815 Step 2 Update Fail & Network Repair
Step 2 Update Fail ဖြစ်လျှင် အောက်က နံပါတ်(1) ကို အရင်ဆုံး Download လုပ်ပါ။
Download လုပ်ပြီး ရလာတဲ့ Zip file ကို ဖြည်ပါ။
အထဲမှာပါတဲ့ dload file ကို SD Card ထဲ ကူးထည့်ပြီး Firmwar တင်တဲ့နည်းအတိုင်း
Volume Up + Volume Down + Power Key သုံးခုတွဲနှိပ်၍ Flash ပေးလိုက်ပါ။
Firmware Flash လုပ်ပြီးသွားပြီဆိုရင်တော့ Firmware ကို ကိုယ်ကြိုက်ရာ Build Number နဲ့ရေးလို့ရပါပြီ။
နောက်တစ်ခုက Firmware တက်လာပေမယ့် Network Lock ဖြစ်ပြီး
Sim Card ထည့်လိုက်ရင် လိုင်းမတက်တဲ့ Problem မျိုးတွေ့ရပါမယ်။
အဲဒီအခါမျိုးမှာ နံပါတ်(2) ကို Download လုပ်ပြီး ဖြေရှင်းလို့ရပါတယ်။
ပထမဆုံး ကိုယ်ပြုလုပ်မယ်ဖုန်းကို V-Root နဲ့ Root လုပ်လိုက်ပါ။
Download လုပ်ပြီး ရလာတဲ့ rar ကို ဖြည်ပါ။ အထဲမှာပါတဲ့ .bat ဖိုင်ကို run လိုက်ပါ။ Driver သိပြီဆိုရင်
Press any key to continue.... ကိုနှိပ်ပါ။ ၁ မိနစ်ခန့် ကြာတဲ့အခါမှာ ဖုန်း Reboot ကျသွားပါလိမ့်မယ်။
Monday, December 14, 2015
Telenor အင်တာနက် Setting ချိန်နည်း
- Setting ကိုဝင်ပါ။
- Mobile Network (သို့) More > Mobile Network ကိုဝင်ပါ။
- Access Point Name ကိုဝင်ပါ။
- ဖုန်း၏ Menu ခလုတ်ကိုနှိပ်၍ New APN ကိုရွေးပါ။
- APN Setting ပေါ်လာပါက -
MPT အင်တာနက် Setting ချိန်နည်း
- အင်တာနက်လျှောက်ထားမည့်ဖုန်းတွင် ငွေ 10,000 နှင့်အထက်ရှိရမည်။
- အင်တာနက်လျှောက်ထားပြီးပါက ၄င်းငွေကျပ် 10,000 အား ကနဦးဝန်ဆောင်ခအဖြစ် ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
- စတင်လျှောက်ထားရန် 1331 သို့ Order dataservice ဟု မက်ဆေ့ခ်ျပို့ရမည်။
- ထို့နောက် MPT မှ မက်ဆေ့ခ်ျပြန်ဝင်လာပါက မိမိဖုန်းအား Resert ပြုလုပ်ပေးရမည်။(သို့) Power ပိတ်၍ ပြန်ဖွင့်ပေးရမည်။ ထိုလုပ်ဆောင်ချက်များပြီးပါက Mobile Internet Access ရရှိပြီးဖြစ်ပါသည်။
- မိမိတို့ကိုင်ဆောင်ထားသော ဖုန်းတွင် Mobile Internet အသုံးပြုနိုင်ရန်အတွက် APN Setting ကိုဖြည့်စွပ်ပေးရန်လိုပါသည်။
MEC (CDMA 800) အင်တာနက် Setting ချိန်နည်း
ယခင်က MEC CDMA 800 အတွက် အင်တာနက်လျှောက်ထားရာတွင်
သက်ဆိုင်ရာမြို့အလိုက် ကြေးနန်းရုံးများတွင်
ကိုယ်တိုင်သွားရောက်လျှောက်ထားရသည်။
ယခု မိမိတို့၏ Mobile Phone များမှတဆင့် မက်ဆေ့ခ်ျပေးပို့ လျောက်ထားနိုင်ပြီဖြစ်သည်။
ယခု မိမိတို့၏ Mobile Phone များမှတဆင့် မက်ဆေ့ခ်ျပေးပို့ လျောက်ထားနိုင်ပြီဖြစ်သည်။
- အင်တာနက်လျောက်ထားမည့်ဖုန်းတွင် ငေ 10,000 နှင့်အထက်ရှိရမည်။
- အင်တာနက်လျောက်ထားပြီးပါက ငေ 10,000 အား ကနဦးဝန်ဆောင်ခ အဖြစ် ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
- စတင်လျောက်ထားရန် 233 သို့ Open EVDO ဟု မက်ဆေ့ခ်ျပေးပို့ရမည်။
- ထို့နောက် မက်ဆေ့ခ်ျပြန်ဝင်လာပါက မိမိတို့၏ဖုန်းအား Restart (သို့) Power ပိတ်၍ပြန်ဖွင့်ပေးရမည်။ ထိုလုပ်ဆောင်ချက်များပြီးပါက မိမိတို့ဖုန်းတွင် Internet Access ရရှိပြီဖြစ်ပါသည်။
- မိမိတို့ကိုင်ဆောင်သော ဖုန်းတွင် အင်တာနက်စတင်အသုံးပြုနိုင်ရန် APN Setting ကိုအောက်ပါအတိုင်း ဖြည့်စွပ်ပေးရန်လိုပါသည်။
CDMA 800 အင်တာနက် Setting ချိန်နည်း
- Setting သို့ဝင်ပါ။
- Mobile Network (သို့) More > Mobile Network သို့ဝင်ပါ။ (Version အနိမ့်ဖုန်းများတွင် Wireless and Network သို့ဝင်ပါ။)
- Access Point Name သို့ဝင်ပါ။
- Menu Key ကိုနှိပ်၍ New APN ကိုရွေးပါ။
- ပေါ်လာသော Setting ထဲတွင် အောက်ပါအတိုင်း ဖြည့်စွပ်ပေးပါ။
Ooredoo အင်တာနက် Setting ချိန်နည်း
- Setting ကိုဝင်ပါ။
- Mobile Network (သို့) More > Mobile Network ကိုဝင်ပါ။
- Access Point Name ကိုဝင်ပါ။
- ဖုန်း၏ Menu ခလုတ်ကိုနှိပ်၍ New APN ကိုရွေးပါ။
- APN Setting ပေါ်လာပါက -
HTC
ဖုန်းများတွင် ပါဝင်သော BoomSound စနစ်သည် ဖုန်းကိုပုံမှန်အတိုင်း
အသုံးပြုမည်ဆိုပါက အဖွင့်အပိတ်ပြုလုပ်၍မရနိုင်ပါ။ ဖုန်း၏
အသံပိုင်းဆိုင်ရာအတွက် BoomSound စနစ်က
သူ့အလိုအလျောက်အလုပ်အလုပ်ပေးသည့်အတွက် ပုံမှန်အသုံးပြုနေစဉ်အတွင်း
အရောင်မှိန်နေပြီး အဖွင့် အပိတ်ပြုလုပ်၍မရနိုင်ခြင်း ဖြစ်ပါသည်။ BoomSound
စနစ်အား အဖွင့်အပိတ်ပြုလုပ်လိုပါက စပီကာတစ်ခုခုဖြင့်သော်လည်းကောင်း၊
နားကြပ်ဖြင့်သော်လည်းကောင်း ဖုန်းဖြင့်ချိတ်ဆက်ကာ အဖွင့်အပိတ်
ပြုလုပ်နိုင်ပါသည်။ ချိတ်ဆက်ထားသည့် စပီကာ၊
နားကြပ်တို့ကိုဖြုတ်လိုက်သည်နှင့် တပြိုင်နက်
၎င်းစနစ်ဟာနဂိုမူလအတိုင်းအရောင်မှိန်သွားပြီး ဖုန်း၏ အသံပိုင်းဆိုင်ရာ
စနစ်များကို အလိုအလျောက်ထိန်းချုပ်ပေးသော အနေအထားသို့
ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။
Ctd to Ko Thet (IT.J)
iDevice ကိုဆောင်ထားသူများအတွက် စာရိုက်ရာတွင် လျင်မြန်လွယ်ကူစေမည့်
နည်းလမ်းကောင်းလေးတစ်ခုပါ။ သိပြီးတဲ့သူများလည်းရှိသလို မသိသေးသူများအတွက်
စာရိုက်ရာတွင် များစွာအသုံးဝင်စေမှာပါ။ မည့်သည့်အကြောင်းဖြင့်ဖြစ်စေ
စာရိုက်ရာတွင် မိမိတို့စိတ်တိုင်းကျ စာတို(Shortcut) များသတ်မှတ်၍
စာရိုက်နိုင်ပါတယ်။ ဥပမာ။ ။ How are you? ဆိုသော စာစုအား
၎င်းအတိုင်းရိုက်လျှင် စာလုံးအရေအတွက် (၉) လုံးရိုက်ရမယ်ဆိုပေမယ့် Shortcut
သက်မှတ်ထားပေးပါက မိမိတို့သက်မှတ်ထားသလောက်သာရိုက်ခြင်းဖြင့်
၎င်းကောင်းစာစုအား ပြန်လည်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Shortcut သက်မှတ်နည်းနဲ့ အသုံးပြုနည်းကို အောက်မှာပုံများနဲ့တကွ ပြပေးထားပါတယ်။
ပထမဦးစွာ ပုံတွင်ပြထားသည့်အတိုင်း Setting ထဲသို့ ဝင်ပါ။ Setting ထဲမှ General >
General ထဲမှ Keyboard >
Keyboard Setting အတွင်း အောက်ဆုံးနားတွင် Add New Shortcut ကိုဝင်ပါ။
Shortcut Setting အတွင်း ပုံမှာပြထားသည့်အတိုင်း Phrase နှင့် Shortcut ဆိုပြီး နှစ်မျိုးတွေ့ရမှာပါ။
Phrase
နေရာတွင် မိမိတို့ အသုံးပြုလိုသည့် စာလုံး၊ စကားစုကိုရေးပါ။ အောက်က
Shortcut နေရာတွင် အတိုကောက်ရိုက်မည့် စာလုံးကိုရေးပါ။ ပြီးရင် Save
လုပ်ပါ။
ထိုအဆင့်များပြုလုပ်ပြီးပါက
Keyboard Setting ထဲတွင် မိမိတို့သတ်မှတ်ပေးထားသော စာလုံး၊ စကားစုများကို
Shortcut စာလုံးများနှင့်အတူတွေ့မြင်ရမှာဖြစ်ပါတယ်။
မိမိတို့သတ်မှတ်ပေးထားသော
Shortcut များကို စမ်းသပ်၍သုံးကြည့်သည့်သဘောဖြင့် စာရိုက်ရန် message Box
သို့သွားပါမယ်။ မိမိတို့ သတ်မှတ်ပေးထားခဲ့သော Shortcut ကို
စာရိုက်သည့်အကွက်တွင် ရိုက်ကြည့်ပါ။ ထို Shortcut နှင့် သတ်ဆိုင်သော
စကားစုကို အပေါ်တွင်ပြပေးမှာပါ။ ထိုစကားစုပေါ်တွင်
ရွေးချယ်ပေးလိုက်ခြင်းအားဖြင့် စာရိုက်ရာတွင် အချိန်တိုအတွင်း
လျင်မြန်စွာရေးသားနိုင်စွာဖြစ်ပါတယ်။
ထိုသတ်မှတ်ထားသော
Shortcut များကို ဖျက်ခြင်း၊ ပြုပြင်ခြင်း၊ ထပ်ပေါင်းခြင်းများ
ပြုလုပ်လိုပါက ညာအပေါ်ထောင့်နားရှိ Edit ကိုရွေးချယ်ပေးပါ။
ပုံတွင်ပေါ်လာသည့်အတိုင်း
မိမိတို့ပြုပြင်လိုသော Shortcut တစ်ခုချင်းစီကိုရွေးချယ်၍
မိမိတို့စိတ်ကြိုက်ပြန်လည် သတ်မှတ်နိုင်ပါတယ်။ ဖျက်လိုပါက ဘေးနားရှိ
အနုတ်လက္ခဏာနှင့်အနီဝိုင်းကိုရွေးချယ်၍ ဖျက်နိုင်ပါတယ်။
English ဘာသာမက မြန်မာဘာသာကိုလည်း ၄င်းကဲ့သို့ Shortcut Key များအသုံးပြု၍ ရေးသားနိုင်ပါတယ်။
အားလုံးပဲ အသိပညာဗဟုသုတများ တိုးပွားနိုင်ကြပါစေ။
Ctd > Ko Thet (IT Journal)
Subscribe to:
Posts (Atom)