Wednesday, June 22, 2016

C8816 ဖုန်းမှာ GSM Sim Card ထည့်သုံးလျှင်

Huawei C8816 CDMA တစ်ကဒ်ထိုးဖုန်းတွေမှာ GSM Sim Card ကိုလည်းထည့်သုံးလို့ရပါတယ်။ GSM Sim Card ထည့်သုံးမယ်ဆိုရင်ကြုံရမယ့်အခက်အခဲတစ်ခုကို ဖြေရှင်းနည်းလေးပါ။ အလွယ်လေးပါ။ ဒါပေမယ့် မသိသေးတဲ့သူများရှိရင် ဖြေရှင်းလို့ရအောင်လို့ ပြောပြပေးတာပါ။

ဖုန်းထဲကို GSM Sim Card ထည့်လိုက်ပါ။
ပုံမှာပြထားတဲ့ ဖုန်းခေါ်မယ့်နေရာကိုဝင်လိုက်ပါ။
နံပါတ်တစ်ခုခုကို ခေါ်ကြည့်ပါ။ ကျွန်တော်ကတော့ *124# နဲ့ Bill စစ်လိုက်ပါတယ်။

အပေါ်ကပုံအတိုင်းပြနေမှာပါ။ အောက်ဆုံးက Call Local ကိုနှိပ်ပြီးခေါ်မယ်ဆို ခေါ်လို့ရပါတယ်။ ဒါပေမယ့် ဖုန်းခေါ်လိုက်တဲ့အကြိမ်တိုင်းမှာ Call Local ကိုရွေးရွေးပြီး ခေါ်နေရမယ်ဆိုရင် အလုပ်ရှုပ်ပါတယ်။
အာ့ကြောင့် အောက်မှာပြထားတဲ့အတိုင်းပြောင်းပါမယ်။

ဖုန်းခေါ်တဲ့ အစိမ်းရောင်ခလုတ်ကလေးဘေးက အစက်ကလေး ၃ စက်ကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့အထဲက အမှန်ခြစ်ကိုဖြုတ်ပေးလိုက်ပါ။

အမှန်ခြစ်ဖြုတ်ပြီးသွားရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ နံပါတ်ကို ဖုန်းခေါ်ဆိုနိုင်ပါပြီ။



Tuesday, February 23, 2016

Y320-C00 firmware installation , stock recovery backup,install & Troubleshoot


Huawei Y321-C00 ကို Firmware တင်ဖို့အတွက် Recovery mode ကို ၀င်ရပါမယ်၊။
Recovery ၀င်နည်းကို ဒီမှာ ကြည့်ပါ။

ပြီးတော့ Y320-C00 firmware ဖိုင်ကိုဒေါင်းလို့ရလာတဲ့ zip ကိုဖြည်လိုက်ရင် အထဲမှာ sdcard_update.zip ဆိုပြီးပါလာပါတယ်။ သူ့ကို ဘာမှ မပြင်ပါဘူး။
ကျွန်တော့်တို့ sdcard ထဲမှာသာ အရင်တုန်းက dload ဆောက်တာ အခု dload မဟုတ်တော့ပဲ image ဖိုင်ဆောက်ရပါတယ်။ အဲ့ image ဖိုင်ထဲမှာမှ
sdcard_update.zip ဆိုပြီးတော့ copy ယူပါတယ် firmware ကို။ ပြီးရင် sdcard ကို ဖုန်းထဲထည့်ပြီး ဒုတိယမြောက်အကြောင်း-
apply update from external storeage
/image/sdcard_update.zip ဆိုပြီးတင်ပါတယ်။
အောက်မှာ ဘားတန်းလေးပြေးပြီး firmware တင်လို့ပြီးသွားရင် reboot system now ကိုရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ Y320-C00 firmware တင်ခြင်းပြီးပါပြီး။

Recovery ပျက်နေတဲ့အလုံးကိုကျတော့ဘယ်လိုတင်မလဲ?

အွန်လိုင်းမှာ stock recovery နဲ့ custom recovery တွေရှာလို့မလွယ်တဲ့အခါ
အကောင်းအလုံးထဲက backup ထုတ်ယူတဲ့နည်းနဲ့ လုပ်ပါမယ်။ သူ့ recovery partation က block08 ပါ
အကောင်းအလုံးကို usb ကြိုးထိုးပြီးတော့ backup လုပ်ပါတယ်။ backup လုပ်ဖို့ root လုပ်ထားဖို့ လိုပါတယ် ။

ရိုက်ရမယ့် Command လေးက

adb shell su -c “cat /dev/block/mmcblk0p8 > /sdcard/mmcblk0p8.img” ပါ။

ဒါဆိုရင် ကျွန်တော်တို့ sdcard ထဲကို mmcblk0p8 ဆိုတဲ့နာမည်နဲ့ img ဖိုင်လေးတစ်ခုရောက်လာပါပြီ။
အဲ့ .img ဖိုင်လေးရပါပြီဆိုရင် recovery မကောင်းတဲ့ဖုန်းထဲကို Fastboot Mode ကနေ flash ရပါမယ်။
power + vol down နှိပ်၊ အပေါ်ဆုံးက Fast Boot Mode ဆိုတဲ့စာကြောင်းကို ရွေးပါ။
ပြီးရင် vol up ကိုဖိထားမယ် IN FAST BOOT MODE
ဆိုပြီး ပန်းရောင် screen မှာငြိမ်နေရင် ကြိုးထိုးလိုက်ပါ။ အဲ့တာ fastboot mode ပါ။
ပြီးရင်တော့ ခုနက recovery.img လေးကို fastboot folder ထဲထည့်ပီး rename ပေးပါ recovery.img ဆိုပြီး။

ပြီးရင် fastboot flash recovery recovery.img ဆိုပြီးရိုက်လိုက်ပါ။
ပြီးရင်တော့ Recovery mode ကနေ Firmware ပြန်တင်လို့ ရပါပြီ

အဲ့လိုမျိုး recovery backup & restore က အလုံးတိုင်းမရပါဘူး။ ဖုန်းတစ်လုံးနဲ့တစ်လုံး သုံးထားတဲ့ CPU ပေါ်မူတည်ပီး block တွေကွာပါတယ်။

Credit to MMAS

Huawei Y520-U22 Flashtool Firmware






Wednesday, December 30, 2015

Huawei Y321-C00 Recovery ၀င်နည်း

1 - Volume Down + Power Key ကိုတွဲနှိပ်ပါ။ 5 Secs, 6 Secs လောက်ကြာရင် အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။


2 - မြင်ရတဲ့ပုံထဲကမှ မိမိအသုံးပြုမယ့် mode ကို ရွေးပေးပါ။ အထက်အောက်ရွေးတဲ့အခါမှာ Volume Up , Volume Down နဲ့ပြောင်းရပါမယ်။ မိမိအသုံးပြုလိုတဲ့ mode ကို ၀င်ရောက်ချင်ရင်တော့ Volume Up ကို 3Secs လောက်နှိပ်ထားပေးလိုက်ရင် ရပါပြီ။

        - Fastboot ကို သွားချင်ရင်  1. Fast Boot Mode ဆိုတာကိုရွေး၊

        - Recovery ကိုသွားချင်ရင်  2. Recovery Mode ဆိုတာကိုရွေး၊


        -  ပုံမှန်အတိုင်းပြန်ဖြစ်ချင်ရင်တော့ 3. Exit ဆိုတာနဲ့ ထွက်လိုက်ပါ။

ကျေးဇူးတင်ပါတယ်။

Sunday, December 27, 2015

Huawei U9200 Firmware( One Click Installer )



Huawei U9200 အတွက် Firmware ကို One Click Install လုပ်ပေးမယ့် Tool လေးပါ။
ကျွန်တော်ကိုယ်တိုင်ပြုလုပ်ထားတဲ့ Tool လေးပါ။ဖုန်းကို Firmware Install လုပ်မယ်ဆိုရင်တော့
ဖုန်းကို Fastboot Mode ၀င်ပြီးတော့ ကြိုးထိုးလိုက်ပါ။ပြီးရင် Start ကိုနှိပ်လိုက်ရင်ဖုန်းကို 
Firmware Install ပြုလုပ်နေပါပြီ။အကူအညီလိုအပ်ရင် Get Help ကိုတစ်ချက်နှိပ်လိုက်ပါ။
အဆင်ပြေပါစေ။
 

Huawei Device တွေ IMEI null & 0 တစ်လုံးထဲပေါ်တဲ့ Error ရှင်းနည်း


Huawei Device တွေမှာ IMEI null & 0 တစ်လုံးထဲပေါ်တဲ့ Error ကို ရှင်းနည်းလေး ပြန်လည်မျှဝေ
ပေးလိုက်ပါတယ်။ ကျတော် C8815 မှာ စမ်းကြည့်ထားပါတယ်။ ကျတော်ပြောထားတဲ့ Error လောက်ဆိုရင်တော့
ရတာများပါတယ်။အောက်မှာပြထားတဲ့ အတိုင်းလုပ်လိုက်ပါ။

1) Enable debugging by USB in the settings
2) * # * # 2846579 # * # * -> ProjectMenu -> Background settings -> Usb port settings put the Manufacture mode.
(Most likely it is already selected, then select Normal mode and re-manufacture mode)
3) * # * # 2846579 # * # * -> ProjectMenu -> Background settings ->
Qualcomm backround open settings put the background open. Password 0

အပေါ်မှာ ပြောထားတဲ့အတိုင်းလုပ်ပေးရုံနဲ့ မရခဲ့ရင် DFS.exe လေးနဲ့ ထက်လုပ်ပေးလိုက်ပါ။
ကျတော်လုပ်တုန်းကတော့ DFS မသုံးလိုက်ရပါဘူး။
အပေါ်က အဆင့်တွေနဲ့တင် ရခဲ့ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။

DFS.exe လိုအပ်မယ်ဆိုရင်တော့  DFS 3.3.0.7.exe

Credit to MMAS 

Wednesday, December 23, 2015

Thursday, December 17, 2015

Huawei C8815 Step 2 Update Fail & Network Repair


Huawei C8815 ကို Firmware Update ပြုလုပ်တဲ့အခါမှာ
Step 2 Update Fail ဖြစ်လျှင် အောက်က နံပါတ်(1) ကို အရင်ဆုံး Download လုပ်ပါ။
Download လုပ်ပြီး ရလာတဲ့ Zip file ကို ဖြည်ပါ။
အထဲမှာပါတဲ့ dload file ကို SD Card ထဲ ကူးထည့်ပြီး Firmwar တင်တဲ့နည်းအတိုင်း
Volume Up + Volume Down + Power Key သုံးခုတွဲနှိပ်၍ Flash ပေးလိုက်ပါ။

Firmware Flash လုပ်ပြီးသွားပြီဆိုရင်တော့ Firmware ကို ကိုယ်ကြိုက်ရာ Build Number နဲ့ရေးလို့ရပါပြီ။

နောက်တစ်ခုက Firmware တက်လာပေမယ့် Network Lock ဖြစ်ပြီး
Sim Card ထည့်လိုက်ရင် လိုင်းမတက်တဲ့ Problem မျိုးတွေ့ရပါမယ်။
အဲဒီအခါမျိုးမှာ နံပါတ်(2) ကို Download လုပ်ပြီး ဖြေရှင်းလို့ရပါတယ်။
ပထမဆုံး ကိုယ်ပြုလုပ်မယ်ဖုန်းကို V-Root နဲ့ Root လုပ်လိုက်ပါ။
Download လုပ်ပြီး ရလာတဲ့ rar ကို ဖြည်ပါ။ အထဲမှာပါတဲ့ .bat ဖိုင်ကို run လိုက်ပါ။ Driver သိပြီဆိုရင်
Press any key to continue.... ကိုနှိပ်ပါ။ ၁ မိနစ်ခန့် ကြာတဲ့အခါမှာ ဖုန်း Reboot ကျသွားပါလိမ့်မယ်။
Firmware ပြန်တက်လာရင်တော့ ဖုန်းခေါ်ဆိုလို့ရပါပြီ။

 C8815 Step 2 update fail.zip

Monday, December 14, 2015

Telenor အင်တာနက် Setting ချိန်နည်း

  1. Setting ကိုဝင်ပါ။
  2. Mobile Network (သို့) More > Mobile Network ကိုဝင်ပါ။
  3. Access Point Name ကိုဝင်ပါ။
  4. ဖုန်း၏ Menu ခလုတ်ကိုနှိပ်၍ New APN ကိုရွေးပါ။
  5. APN Setting ပေါ်လာပါက - 

MPT အင်တာနက် Setting ချိန်နည်း

  1. အင်တာနက်လျှောက်ထားမည့်ဖုန်းတွင် ငွေ 10,000 နှင့်အထက်ရှိရမည်။
  2. အင်တာနက်လျှောက်ထားပြီးပါက ၄င်းငွေကျပ် 10,000 အား ကနဦးဝန်ဆောင်ခအဖြစ် ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
  3. စတင်လျှောက်ထားရန် 1331 သို့ Order dataservice ဟု မက်ဆေ့ခ်ျပို့ရမည်။
  4. ထို့နောက် MPT မှ မက်ဆေ့ခ်ျပြန်ဝင်လာပါက မိမိဖုန်းအား Resert ပြုလုပ်ပေးရမည်။(သို့) Power ပိတ်၍ ပြန်ဖွင့်ပေးရမည်။ ထိုလုပ်ဆောင်ချက်များပြီးပါက Mobile Internet Access ရရှိပြီးဖြစ်ပါသည်။
  5.  မိမိတို့ကိုင်ဆောင်ထားသော ဖုန်းတွင် Mobile Internet အသုံးပြုနိုင်ရန်အတွက် APN Setting ကိုဖြည့်စွပ်ပေးရန်လိုပါသည်။

MEC (CDMA 800) အင်တာနက် Setting ချိန်နည်း

  ယခင်က MEC CDMA 800 အတွက် အင်တာနက်လျှောက်ထားရာတွင် သက်ဆိုင်ရာမြို့အလိုက် ကြေးနန်းရုံးများတွင် ကိုယ်တိုင်သွားရောက်လျှောက်ထားရသည်။

ယခု မိမိတို့၏ Mobile Phone များမှတဆင့် မက်ဆေ့ခ်ျပေးပို့ လျောက်ထားနိုင်ပြီဖြစ်သည်။
  1. အင်တာနက်လျောက်ထားမည့်ဖုန်းတွင် ငေ 10,000 နှင့်အထက်ရှိရမည်။
  2. အင်တာနက်လျောက်ထားပြီးပါက ငေ 10,000 အား ကနဦးဝန်ဆောင်ခ အဖြစ် ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
  3. စတင်လျောက်ထားရန် 233 သို့ Open EVDO ဟု မက်ဆေ့ခ်ျပေးပို့ရမည်။
  4. ထို့နောက် မက်ဆေ့ခ်ျပြန်ဝင်လာပါက မိမိတို့၏ဖုန်းအား Restart (သို့) Power ပိတ်၍ပြန်ဖွင့်ပေးရမည်။ ထိုလုပ်ဆောင်ချက်များပြီးပါက မိမိတို့ဖုန်းတွင် Internet Access ရရှိပြီဖြစ်ပါသည်။
  5. မိမိတို့ကိုင်ဆောင်သော ဖုန်းတွင် အင်တာနက်စတင်အသုံးပြုနိုင်ရန် APN Setting ကိုအောက်ပါအတိုင်း ဖြည့်စွပ်ပေးရန်လိုပါသည်။

CDMA 800 အင်တာနက် Setting ချိန်နည်း

  • Setting သို့ဝင်ပါ။
  • Mobile Network (သို့) More > Mobile Network သို့ဝင်ပါ။ (Version အနိမ့်ဖုန်းများတွင် Wireless and Network သို့ဝင်ပါ။)
  • Access Point Name သို့ဝင်ပါ။
  • Menu Key ကိုနှိပ်၍ New APN ကိုရွေးပါ။
  • ပေါ်လာသော Setting ထဲတွင် အောက်ပါအတိုင်း ဖြည့်စွပ်ပေးပါ။

Ooredoo အင်တာနက် Setting ချိန်နည်း

  1. Setting ကိုဝင်ပါ။
  2. Mobile Network (သို့) More > Mobile Network ကိုဝင်ပါ။
  3. Access Point Name ကိုဝင်ပါ။
  4. ဖုန်း၏ Menu ခလုတ်ကိုနှိပ်၍ New APN ကိုရွေးပါ။
  5. APN Setting ပေါ်လာပါက - 
   
          
HTC ဖုန်းများတွင် ပါဝင်သော BoomSound စနစ်သည် ဖုန်းကိုပုံမှန်အတိုင်း အသုံးပြုမည်ဆိုပါက အဖွင့်အပိတ်ပြုလုပ်၍မရနိုင်ပါ။ ဖုန်း၏ အသံပိုင်းဆိုင်ရာအတွက် BoomSound စနစ်က သူ့အလိုအလျောက်အလုပ်အလုပ်ပေးသည့်အတွက် ပုံမှန်အသုံးပြုနေစဉ်အတွင်း အရောင်မှိန်နေပြီး အဖွင့် အပိတ်ပြုလုပ်၍မရနိုင်ခြင်း ဖြစ်ပါသည်။ BoomSound စနစ်အား အဖွင့်အပိတ်ပြုလုပ်လိုပါက စပီကာတစ်ခုခုဖြင့်သော်လည်းကောင်း၊ နားကြပ်ဖြင့်သော်လည်းကောင်း ဖုန်းဖြင့်ချိတ်ဆက်ကာ အဖွင့်အပိတ် ပြုလုပ်နိုင်ပါသည်။ ချိတ်ဆက်ထားသည့် စပီကာ၊ နားကြပ်တို့ကိုဖြုတ်လိုက်သည်နှင့် တပြိုင်နက် ၄င်းစနစ်ဟာနဂိုမူလအတိုင်းအရောင်မှိန်သွားပြီး ဖုန်း၏ အသံပိုင်းဆိုင်ရာ စနစ်များကို အလိုအလျောက်ထိန်းချုပ်ပေးသော အနေအထားသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။

Ctd to Ko Thet (IT.J)

         iDevice ကိုဆောင်ထားသူများအတွက် စာရိုက်ရာတွင် လျင်မြန်လွယ်ကူစေမည့် နည်းလမ်းကောင်းလေးတစ်ခုပါ။ သိပြီးတဲ့သူများလည်းရှိသလို မသိသေးသူများအတွက် စာရိုက်ရာတွင် များစွာအသုံးဝင်စေမှာပါ။ မည့်သည့်အကြောင်းဖြင့်ဖြစ်စေ စာရိုက်ရာတွင် မိမိတို့စိတ်တိုင်းကျ စာတို(Shortcut) များသတ်မှတ်၍ စာရိုက်နိုင်ပါတယ်။ ဥပမာ။   ။ How are you? ဆိုသော စာစုအား ၄င်းအတိုင်းရိုက်လျှင် စာလုံးအရေအတွက် (၉) လုံးရိုက်ရမယ်ဆိုပေမယ့် Shortcut သက်မှတ်ထားပေးပါက မိမိတို့သက်မှတ်ထားသလောက်သာရိုက်ခြင်းဖြင့် ၄င်းကောင်းစာစုအား ပြန်လည်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Shortcut သက်မှတ်နည်းနဲ့ အသုံးပြုနည်းကို အောက်မှာပုံများနဲ့တကွ ပြပေးထားပါတယ်။


ပထမဦးစွာ ပုံတွင်ပြထားသည့်အတိုင်း Setting ထဲသို့ ဝင်ပါ။ Setting ထဲမှ General >



General ထဲမှ Keyboard >



 Keyboard Setting အတွင်း အောက်ဆုံးနားတွင် Add New Shortcut ကိုဝင်ပါ။


Shortcut Setting အတွင်း ပုံမှာပြထားသည့်အတိုင်း Phrase နှင့် Shortcut ဆိုပြီး နှစ်မျိုးတွေ့ရမှာပါ။
Phrase နေရာတွင် မိမိတို့ အသုံးပြုလိုသည့် စာလုံး၊ စကားစုကိုရေးပါ။ အောက်က Shortcut နေရာတွင် အတိုကောက်ရိုက်မည့် စာလုံးကိုရေးပါ။ ပြီးရင် Save လုပ်ပါ။



 ထိုအဆင့်များပြုလုပ်ပြီးပါက Keyboard Setting ထဲတွင် မိမိတို့သတ်မှတ်ပေးထားသော စာလုံး၊ စကားစုများကို Shortcut စာလုံးများနှင့်အတူတွေ့မြင်ရမှာဖြစ်ပါတယ်။


မိမိတို့သတ်မှတ်ပေးထားသော Shortcut များကို စမ်းသပ်၍သုံးကြည့်သည့်သဘောဖြင့် စာရိုက်ရန် message Box သို့သွားပါမယ်။ မိမိတို့ သတ်မှတ်ပေးထားခဲ့သော Shortcut ကို စာရိုက်သည့်အကွက်တွင် ရိုက်ကြည့်ပါ။ ထို Shortcut နှင့် သတ်ဆိုင်သော စကားစုကို အပေါ်တွင်ပြပေးမှာပါ။ ထိုစကားစုပေါ်တွင် ရွေးချယ်ပေးလိုက်ခြင်းအားဖြင့် စာရိုက်ရာတွင် အချိန်တိုအတွင်း လျင်မြန်စွာရေးသားနိုင်စွာဖြစ်ပါတယ်။


 ထိုသတ်မှတ်ထားသော Shortcut များကို ဖျက်ခြင်း၊ ပြုပြင်ခြင်း၊ ထပ်ပေါင်းခြင်းများ ပြုလုပ်လိုပါက ညာအပေါ်ထောင့်နားရှိ Edit ကိုရွေးချယ်ပေးပါ။


ပုံတွင်ပေါ်လာသည့်အတိုင်း မိမိတို့ပြုပြင်လိုသော Shortcut တစ်ခုချင်းစီကိုရွေးချယ်၍ မိမိတို့စိတ်ကြိုက်ပြန်လည် သတ်မှတ်နိုင်ပါတယ်။ ဖျက်လိုပါက ဘေးနားရှိ အနုတ်လက္ခဏာနှင့်အနီဝိုင်းကိုရွေးချယ်၍ ဖျက်နိုင်ပါတယ်။

 English ဘာသာမက မြန်မာဘာသာကိုလည်း ၄င်းကဲ့သို့ Shortcut Key များအသုံးပြု၍ ရေးသားနိုင်ပါတယ်။

အားလုံးပဲ အသိပညာဗဟုသုတများ တိုးပွားနိုင်ကြပါစေ။

Ctd > Ko Thet (IT Journal)